Sunday, August 9, 2009

ချစ်နေတယ်

သဘာဝကို လွန်ဆန်လို့ရုန်းကန်
အချစ်ကြောင်းတွေမပြောနဲ့
နှလုံးသားမရှိတဲ့ လူတစ်ယောက်လိုပေါ့..
အတိုင်းအဆ မရှိတဲ့မိုးကောင်းကင်
ငါ့ရင်တွင်းက ကန္တာရ.
ပင်လယ်လိုစီးဆင်းနေတဲ့မျက်ရည်တွေ..
ကောင်မလေးရေ သေမှနောင်တ
နောင်ဘဝကြလည်း ချစ်နေမှာပါ..
အတွေးမှမဆုံးသေး မျက်နှာလှလှလေး
စကားသံချိုချိုလေး မေ့မရခဲ့ဘူး…
ကြင်ဖူးစာ မဆုံသေးသမျှ ဒီလိုပဲလား ကောင်မလေးရယ်….

Monday, June 22, 2009

မင်းအတွက်ဆို

ကန္တာရ ထဲ ပင်လယ် တစင်းစီဆင်းခွင့်ရ ရင်
အဲ့ မြစ်ထဲက ချစ်သူနှစ်ယောက်က မင်းနဲ့တို့ ပဲ

နီးစပ်ခြင်းသီအိုရီ အရ ရောစပ်ခွင့် ရမယ်ဆိုရင်
အရောင်တွေ စုံနေမှာထက်
မင်းအပြစ်တွေပဲ ယူလိုက်ချင်တာပဲ........

အိပ်မက် ဆိုတာလက်တွေ့ ရဲ့ အဝေးမှာဆိုရင်
မင်းအတွက် ငါ ဘယ်တော့ မှ မအိပ် စက်တော့ ပါဘူးလေ ......................


( စကားလုံး ညီးညီး )

နှေင်းချစ်ခြင်း


မွှေးကြိုင်လှသည့် ထာဝရပန်း

ရင်ထဲကမေတ္တာ

ကမ္ဘာတည်သ၍ မပျက်ပါစေသတည်း.

ဆယ်လန်ရွာက စောမွန်လှ

ရှင်မကွဲဘုရားနဲ့ သစ္စပန်း

လေနီကြမ်းနဲ့အချစ်

ငါ့ရင်တွင်းမှာ မနှစ်မြို့ပေမယ့်

ဖြစ်တည်နေရ သတ္တလောကမှာ..

ဘာကိုမှလွန်ဆန်လို့မရပါလား..။