Sunday, August 9, 2009

ချစ်နေတယ်

သဘာဝကို လွန်ဆန်လို့ရုန်းကန်
အချစ်ကြောင်းတွေမပြောနဲ့
နှလုံးသားမရှိတဲ့ လူတစ်ယောက်လိုပေါ့..
အတိုင်းအဆ မရှိတဲ့မိုးကောင်းကင်
ငါ့ရင်တွင်းက ကန္တာရ.
ပင်လယ်လိုစီးဆင်းနေတဲ့မျက်ရည်တွေ..
ကောင်မလေးရေ သေမှနောင်တ
နောင်ဘဝကြလည်း ချစ်နေမှာပါ..
အတွေးမှမဆုံးသေး မျက်နှာလှလှလေး
စကားသံချိုချိုလေး မေ့မရခဲ့ဘူး…
ကြင်ဖူးစာ မဆုံသေးသမျှ ဒီလိုပဲလား ကောင်မလေးရယ်….