Sunday, August 9, 2009

ချစ်နေတယ်

သဘာဝကို လွန်ဆန်လို့ရုန်းကန်
အချစ်ကြောင်းတွေမပြောနဲ့
နှလုံးသားမရှိတဲ့ လူတစ်ယောက်လိုပေါ့..
အတိုင်းအဆ မရှိတဲ့မိုးကောင်းကင်
ငါ့ရင်တွင်းက ကန္တာရ.
ပင်လယ်လိုစီးဆင်းနေတဲ့မျက်ရည်တွေ..
ကောင်မလေးရေ သေမှနောင်တ
နောင်ဘဝကြလည်း ချစ်နေမှာပါ..
အတွေးမှမဆုံးသေး မျက်နှာလှလှလေး
စကားသံချိုချိုလေး မေ့မရခဲ့ဘူး…
ကြင်ဖူးစာ မဆုံသေးသမျှ ဒီလိုပဲလား ကောင်မလေးရယ်….

Monday, June 22, 2009

မင်းအတွက်ဆို

ကန္တာရ ထဲ ပင်လယ် တစင်းစီဆင်းခွင့်ရ ရင်
အဲ့ မြစ်ထဲက ချစ်သူနှစ်ယောက်က မင်းနဲ့တို့ ပဲ

နီးစပ်ခြင်းသီအိုရီ အရ ရောစပ်ခွင့် ရမယ်ဆိုရင်
အရောင်တွေ စုံနေမှာထက်
မင်းအပြစ်တွေပဲ ယူလိုက်ချင်တာပဲ........

အိပ်မက် ဆိုတာလက်တွေ့ ရဲ့ အဝေးမှာဆိုရင်
မင်းအတွက် ငါ ဘယ်တော့ မှ မအိပ် စက်တော့ ပါဘူးလေ ......................


( စကားလုံး ညီးညီး )

နှေင်းချစ်ခြင်း


မွှေးကြိုင်လှသည့် ထာဝရပန်း

ရင်ထဲကမေတ္တာ

ကမ္ဘာတည်သ၍ မပျက်ပါစေသတည်း.

ဆယ်လန်ရွာက စောမွန်လှ

ရှင်မကွဲဘုရားနဲ့ သစ္စပန်း

လေနီကြမ်းနဲ့အချစ်

ငါ့ရင်တွင်းမှာ မနှစ်မြို့ပေမယ့်

ဖြစ်တည်နေရ သတ္တလောကမှာ..

ဘာကိုမှလွန်ဆန်လို့မရပါလား..။

Saturday, June 20, 2009

ဘ၀ဆက်တိုင်း

ဖြစ်ချင်တဲ့ ဆန္ဒက
ငါ့လက်ကိုတွဲလိုက်ပါ...
မကြားချင်ဆုံးစကားက
မင်းငါ့ကိုမုန်းလိုက်..
ကောင်မလေးရေ တမ်းတမိတယ်...
ဖြစ်ချင်၊မကြားချင်...
တခုမှမရရှိခဲ့ဘူး..
အသိစိတ်ကချစ်ခဲ့ပေမယ့်
မသိစိတ်ကမပြောရက်ခဲ့...
အသွင်မတူမှုတစ်ခုကြောင့်..
ပြတ်ရယ်ပြုမယ်ဆိုရင်..
ကောင်မလေးရေ သိပ့်ချစ်တယ်...
အနုအလှနဲ့စာမဖွဲ့ပေမယ့်
ဆုံးရှုံးရမှာကြောက်တယ်...
ချစ်မိတဲ့ငါ့ဘ၀ဟာ..
စကားမပြောခဲ့ရဘူးလေ..
စာတော့စီခဲ့ရဘူးတယ်လေ..
တောင်တဆိုတာ နောင်ကြမှ
ကောင်မလေးရေ နောင်ဘ၀ထိ..။

Tuesday, May 12, 2009

ရဲဝံ့ ချစ်သူ

သူချစ်ကိုယ်ချစ်
နှစ်ကိုယ်ချစ်ရင်တော့
ပျော်ဆုံးပေါ့ချစ်သူ..
သူမချစ်ပေမယ့်
ကိုယ်တစ်ယောက်ထဲ
ချစ်နေရလည်း.....
ဝမ်းနည်းမှုဆိုတာမရှိ
မနာလိုမှုဆိုတာဝေး
ထာဝရအချစ်တွေပေးပြီး
အဲဒီလူတစ်ယောက်ဟာ
တစ်သက်လုံးပျော်ရွှင်နေမှာပါ...
အတ္တစိတ်မပါပဲ
ပရသမားတစ်ယောက်
လမ်းလျှောက်သွားတာနဲ့
အတ္တစိတ်လွန်ကဲ
အရာမှန်သမျှ
ပိုင်ဆိုင်ပါရစေဆိုတဲ့လူးနဲ့...
ကံကြမ္မာအလှည့်အပြောင်းမှာ
ဘယ်သူကကောင်းလည်းချစ်သူ...
ပိုင်ဆိုင်ဖို့ထက်
စွန့်လွှတ်မှုကိုကြိုးစား
ပိုင်းဆိုင်ရမယ်ဆိုလည်း..
ကိုယ်ခံယူဝံ့ပါတယ်ချစ်သူ..
မမျှော်လင့်ဝံ့တာတော့အမှန်ပဲချစ်သူရေ..
အဖြူစင်ဆုံးနဲ့ချစ်ခဲ့မိလို့ပါ....

Monday, May 11, 2009

ငွေတစ်မျက်နှာ

သိပ့်ချစ်တယ် ချစ်သူရယ်
အချစ်တွေပေးထားလည်း
ကိုယ်ဟာ ဘာတစ်ခုမှ
မမျှော်လင့်ရဲ့ပါဘူး
ကိုယ်ဟာသတ္တိမရှိလို့
မင်းကို မမျှော်လင့်တာ
လုံးဝမဟုတ်ဘူး ချစ်သူ...
ပိတောက်လိုရှားပါး
သဇင်လိုဝင့်ကြွား
နှင်းဆီလိုဆူးများပြီး
ပကာသန ဂုဏ်မောက်
ထာဝရ ဂုဏ်အောက်...
ရောက်နေသူကို
ချစ်နေယုံမှ အပ
ဘာတက်နိုင်မှာလည်းချစ်သူ
အချစ်တွေ ဘယ်လောက်ဖြူစင်ပါစေ
မင်းဟာလေ...
ငွေလောက်မှ တန်ဖိုးမထားခဲ့ဘူး...
ကိုယ့်ရဲ့အချစ်တွေဟာ
မင်းအတွက်...
ထာဝရဖြစ်နေပေမယ့်
ကိုယ့်ဘဝဟာ
မင်းအတွက်တော့
အညတရပဲ ဖြစ်ခဲ့ရတယ်..
အတိုင်းအဆမရှိ
ဝမ်းနည်းမိပေမယ့်
သိပ့်ချစ်မိလို့ မင်းဟာ...
အပြစ်မရှိခဲ့ဘူးကွယ်
ကိုယ်ဟာ ဒီလောက်မက
ဆက်ချစ်သွားအုံးမယ်ချစ်သူ......

Sunday, May 10, 2009

ရယ်သံလေးတစ်ချက်

ကမ္ဘာဆုံးအောင် အတွေးတွေဝေချင်တယ်
မင်းမျက်နှာလှလှလေးက တံတိုင်းလိုပဲကွာ်
ကိုယ်ဘာမှ .. တွေးမရတော့ဘူးကွာ
ကိုယ့်တစ်သက်မှာ အချစ်နယ်ဆိုလို့
မင်းတစ်ယောက်သာ မွန်မြတ်ခဲ့လိုပနဲ့
ချစ်တယ်လို့ပြောမိမှ မင်းမုန်းသွားခဲ့ရင်
တံခါးတွေပိတ် အားလုံးကိုမြိုသိပ့်
မင်းမျက်နှာလေးပဲ ကြည့်နေခဲ့ချင်တာလေ..
မင်းနဲ့ပတ်သတ်ပြီး ပိုင်ဆိုင်တာဆိုလို့..
မင်းမျက်နှာလှလှလေး ဓာတ်ပုံလေးတစ်ပုံထဲပါ..
ဖြစ်ချင်တာတွေ ဘာတစ်ခုမှမရခဲ့တဲ့
ကိုယ့်ဘဝတွေမှာ ကိုယ်သိပ့်ချစ်တဲ့
မင်းတစ်ယောက်အတွက် မနှောက်ယှတ်တော့ပါဘူး
အချစ်ဦးနဲ့အချစ်ဆုံးမို့ အပြုံးနဲ့ပဲနှုတ်ဆက်လိုက်ပါတယ်..
မင်းစကားရဲ့ နောက်ဆုံးရယ်သံ
ကိုယ့်နှလုံးသားရဲ့ မနက်ရှိုင်းဆုံးနေရာမှာ
ထာဝရတည်တံ့လျှက်ပါချစ်သူ.....

တိတ်တခိုး

မျှော်လင့်ချက်တွေကင်းမဲ့တဲ့

ဇုံတစ်ခုကိုပြပါဆိုရင်

ခေါင်းကိုမော့ ….

ရင်ကိုကောပြီး…

ငါ့နှလုံးသားကို ပြလိုက်ပါချစ်သူ..

မင်းအပေါ်ထားရှိတဲ့…

ကိုယ့်မေတ္တာတွေဟာ

ကိုယ်သိပ့်ချစ်ရတဲ့ မင်းပေါ်မှာ

ဘာမှမျှော်လင့်မထားလိုပဲ

ဖြူစင်တဲ့ငါ့နှလုံးသားကို

ကိုယ့်ချစ်တဲ့မင်းတစ်ယောက်အတွက်

မွေးနေ့လက်ဆောင်အဖြစ်

ပုံအောပြီးချစ်ခဲ့လိုပါကွာ….

မင်းအတွက် ကိုယ်ဟာ..

ဘာမှမဟုတ်ခဲ့ပေမယ့်…

ကိုယ့်တစ်ယောက်အတွက်တော့..

မင်းတစ်ယောက်ဟာ….

အနောက်ရပ်က နေမထွက်ပေမယ့်

ဟိမ၀န္တာတောင်ထိပ်က

နှင်းကြာပန်းထက်မက…

တန်ဖိုးထားခဲ့လိုပါ…….

မျှော်လင့်ချက်ဆိုတာ ဝေလာဝေး

အတွေးထဲပဲချစ်နေမယ်လေ

တစ်သက်လုံးပဲပေါ့ချစ်သူရေ……

သူရဲကောင်းမလေးအိ…..

လွတ်လပ်မှုများစွာနဲ့
သွတ်လက်ချက်ချာတဲ့
သူရဲကောင်းမလေးအိ….

မလွတ်မလပ်နဲ့
ကလေးတစ်ယောက်ကို
ဝမ်းနဲ့လွယ်ပြီး….

မင်းရဲ့လွတ်လပ်မှုကို
အကျဉ်းထောင်က
ဝါးမျိုသွားခဲ့ပြီပေါ့….

မင်းရဲ့ချစ်လင်
ငါ့ရဲ့သူငယ်ချင်း
ဒုက္ခတွင်းထဲမှာပဲ
ဂုဏ်ယူနေပါတယ်အိရယ်….

မင်းတို့နှစ်ယောက်ကို
မြင်ယောင်လေတိုင်း
အကျဉ်းထောင်တွင်းက
သူရဲကောင်းမလေးအိရေ…
မင်းတို့အတွက်……….
ငါအသက်ရှင်သမျှ
မင်းတို့အတွက်..
အားလုံးအတွက်…
လုပ်ဆောင်နေတယ်ဆိုတာ
မင်းသိနေပေမယ့်…..
ထပ်ပြောပါရစေအိရေ..

ရဲဘော်မလေးအတွက်
အားလုံးအတွက်
ကျန်ရှိရဲဘော် အသိစိတ်နဲ့
ကြိုးစားလျှက်ပါအိ…။

အဖော်မဲ့ည

ညရဲ့နိမိတ်က

တိတ်ဆိတ်ချောက်ချား

စိတ်ဗျာများခြင်း

ငှတ်တွေလည်း

အိပ်တန်းတက်

ဇီးကွတ်တစ်ကောင်သာ

ပြူးကြောင်ကြောင်နဲ့ အိပ်မရ

စိတ်တဇဖြစ်နေရှာတယ်။

ညမှကြားရတဲ့ခြေသံ

နှင်းကြဟန်ဆိုပေမဲ့

တောင်ပြိုသံထင်တယ်

သစ်ရွတ်ကလေး

တရွက်အပေါ်

တစ်စက်စက်ကျတဲ့ မိုးရေသံကိုပဲ

ရင်မှာမှန်းနေသလိုလို

ညရဲ့အဖော်မဲ့

အတွေးတွေက

ကလေးစိတ်လိုအားငယ်

နုနယ်လွန်းလှတယ်။

ညဟာ ညမို့

မလှနိုင်တာ သိပါတယ်။

ဒါဟာနိယာမ မဟုတ်ဘူး

ဒါဟာလုပ်ကြံမှုဖြစ်တယ်

အေးချမ်းမှုဖြင့်

တည်ဆောက်လေ။

တစ်နေ့တော့သိရမှာပါ။ ။ ။





သူငယ်ချင်းတစ်မင်းကို အမှတ်ရလွန်းလို့ မင်းကဗျာလေး

တမ်းချင်းအဖြစ် တင်ပြလိုက်တယ် မင်းရဲ့ခံစားချက်တွေ

ရင်ဖွင့်လိုက်တယ် ချစ်သောသူငယ်ချင်း မင်းမကြားနိုင်ဘူးနော်

မင်းအတွက်ကော အားလုံးအတွက် ငါဝမ်းနည်းနေတယ်။

မင်းတို့အတွက် ငါအချိန်တိုင်းတွေးနေတယ်

ငါတို့တတွေအလုပ်လုပ်နေတယ် စိတ်မချနိုင်တဲ့ မင်းတို့အတွက်

စိတ်ချနိုင်အောင် မင်းတို့တွေ မြင်သွားအောင် ယုံကြည်သွားအောင်

ငါတို့တွေကြိုးစားနေပါ့မယ်။။
ထောင်တွင်းကသူငယ်ချင်း

ကမ္ဘာ ကမင်းကိုမသိပေမယ့် ငါတို့တွေသိနေတယ် ရင်တွင်းမှာလေ

အစဉ်ထာဝရ လေးစားနေပါတယ် အန်တီရယ်၊ စိတ်ဓာတ်ချင်းတူ

အသွင်တူနေလို့ တစ်ခါပဲ တွေ့ ဘယ်ခါမှမမေ့ပါဘူး အန်တီရယ်။ ။

ဝေးကွာခြင်းရဲ့ ရလာဒ်


ရင်ထဲရှိတာတွေသာ စာစီရရင်တော့

အားလုံးကို သတိရမိတာ အမှန်ပါ၊

ကိုယ်ပိုင်လွတ်လပ်ခွင့် မရှိတဲ့ ဘဝလေ

ဘာ့ကြောင့်လဲလို့မမေးပါနဲ့

ဒီကနေ့ ဖြစ်နေတာတွေဟာ

မနေ့ ကအဖြစ်ပျက်တွေနဲ့

မတူတော့ဘူးလေ၊

ဖြစ်ပြီးရင် ပျက်တက်တယ်ဆိုတာ

ကိုယ်သိပါတယ်

ဒါပေမယ့် ပုထုဇဉ်သဘော

အတ္တနှောတာ အပြစ်တော့

မဟုတ်လောက်ဘူးထင်ပါတယ်

သတိရတယ်လွမ်းတယ် ဆိုတာ

ဒို့မှာရှိပါတယ် မယုံမရှိပါနဲ့

ဒို့က လူသားတစ်ယောက်ပါ၊

ကိုယ်ဖြစ်ချင်တိုင်းသာ ဖြစ်ရမယ်ဆိုရင်

ဒို့အဖြစ်ချင်ဆုံးဆန္ဒကို မင်းသိပါတယ်

တို့နှစ်ယောက်ပြန်တွေ့တဲ့ အခါ

သံသယ မျက်လုံးတွေနဲ့

အမုန်းဖက်နေတဲ့ ….

မကြေနပ်မှုဆိုတဲ့ ဒေါသမျက်လုံးတွေနဲ့

မကြည့်ပါနဲ့နော်………..

မင်းနဲ့ ပတ်သက်ရင် ဒို့မှာ

အပြစ်တွေရှိပါတယ်……….

အားလုံးအတွက် မင်းကျေနပ်တဲ့ အထိ

ဒို့တောင်းပန်ပါတယ်ကွာ …..

ဒို့ဘဝရဲ့ နောက်ဆုံးထွက်သက်ထိ

မင်းသဘောအတိုင်း မင်းစိတ်တိုင်းကျ

စေလိုရာ စေပါတော့ကွာ…..

ခေတ်ဟောင်းကချစ်သူ

ခေတ်သစ်မှာပြန်ဆုံဖို့အတွက်

ဆုတောင်းနေတာ အကြိမ်ပေါင်း

ရေတွက်လို့တောင် မရတော့ပါဘူးကွာ၊

တောင်းတဲ့ ဆုနဲ့ပြည့်ဖို့အတွက်

ကိုယ်နောက်ဆုံးထွက်သက်ထိ

ကြိုးစားပါမယ်လို့ ကတိတွေပေးနေတာ

မင်းကြားနိုင်ပါစေလို့……………….

ရင်ထဲမှာ အထပ်ထပ်ပြောနေမိတယ်

ရပ်ဝေးကချစ်သူ ကြားနိုင်ပါစေ

မွေးရပ်ကိုလဲလွမ်း နိုင်ငံကိုလဲချစ်

ချစ်သူကိုလဲ မပြစ်နိုင်တဲ့………….

ခေတ်သစ်ကိုကြိုဆိုတဲ့

ခေတ်ဟောင်းရင်တွင်း

မျှော်လင့်ခြင်း

စ……ခြင်းမကောင်းတဲ့ အဆုံး

ဆုံးခြင်း…..မလှတဲ့ကိုယ်ဘဝ

မျှော်လင့်ခြင်း.ကဋေတရာပေးသွားတဲ့ မင်းရဲ့အကြည့်နဲ့အပြုံး

ဘယ်သူကအတင်းကြည့် ခိုင်းပြုံးခိုင်းသလဲကွယ်

ကိုယ်မှာတော့အသဲကွဲမှုတရပ်

မားမားရပ်လို့ ရောင်းရင်းများရဲ့

ဟားတိုက်သံက….နားထဲမက

ရင်ထဲထိအောင်ရောက်သွားတာကို

ငါချစ်တဲ့….မင်းတရောက်…..သိကောင်းသိပါစ

မျှော်လင့်ခြင်းနှင့် အသက်ရှင်နေတဲ့သုူဟာ

နောက်ဆုံးမှာ…..ဆုံးရှုံးခြင်းနှင့်ရင်ဆိုင်ရလိပ့်မယ်ဆိုတာကို

ဘယ်သုမှ..မပြောဘဲငါကြားလိုက်တယ်လေ…


အနီးရောင်နှလုံးသား

ကော်ဖီတစ်ခွက်နဲ့ဆေးလိပ်တစ်တို

မနက်မိုးလင်းတိုင်းငါတွေးတောမိတယ်လေ

အာဏာရှင်စနစ်ကို ဘယ်လိုမြေမြှပ်ပြစ်ရမလည်း၊

တိုက်ပွဲကိုဘယ်လိုဖော်ဆောင်ရမလည်း၊

သံဃာကိုသတ်တဲ့ နအဖ ပြည်သူကိုညှင်းဆဲတဲ့ နအဖ

ငါဘယ်လို လုပ်ရပါ့မလည်းနော့်….

ရှေ့ ကြည့်ရင် ရင်ဘတ် နောက်ကြည့်ရင်ကျော

ငါတို့တော်လှန်ရေးသမားစိတ်ဓာတ်

ဘယ်တော့မှ မပျက်သုဉ်းဘူးဟေ့

ငါ့မိသားစု ငါ့အသိုင်းဝိုင်း ငါ့ဆွေမျိုးတွေ

ရှိနေသ၍ ငါ့အလှတရား ငါ့ဘဝစိုပြေနေသ၍

နအဖ ကိုငြိမ်းချမ်းသောနည်းနဲ့ တိုက်ပွဲဝင်သွားမယ်၊

၈၈၈၈ လုံးမှာ ကျောင်းသားတွေကိုသတ်

ဒီပဲယင်းမှာ လူထုခေါင်းဆောင်ကိုလုပ်ကြံ

၂၀၀၇ မှာ သံဃာတွေကိုသတ်..ဘယ်တော့မျာမှ

ပြည့်သူ့တပ်မတော်ကို ဖြိုပြစ်လိုက်မှာလည်း၊

ဒဏ္ဍကီမင်းထက်ယုတ်ညံ့တဲ့ သန်းရွှေနဲ့အပေါင်းပါတွေ

ကုက္ကုလ ငရဲမှာ အတိုင်းအဆမရှိခံကြရမှာပါ၊

ရှေ့ပြေးနိမိတ်အဖြစ် နာဂစ်မုန်တိုင်းလည်း ဖြစ်ပြီးသွားပြီလေ

ကိုယ်အထက်၌ မီးပေါက်မီးပွားကြ

ဒွါရကိုးပေါက်မှ ပြာပူဝင် ဦးခေါင်းထက်က မီးကြီးခဲ

ကိုယ်ခန္ခာက ဆီမီးတိုင်လေ ဆင်းရဲဝေဒနာပြင်းစွာခံရမှာလေ

ဒီတစ်ခါတော့ မင်းတို့အလှည့်ရောက်ပြီဟေ့ နအဖ ရေ…

ကော်ဆီတစ်ခွက်လည်းကုန်သွားပြီလေ။ ။ ။

(ငရဲအကြောင်းသိချင်ရင် ။ ရှင်သီရိ ငရဲဟူသည်)

အလွမ်းမိုး

တစ်ခါကချိုမြိန်တဲ့အချစ်
ထိုစဉ်ကကြည်နူးရတဲ့အနမ်း
ခုတော့ပူလောင်ရတဲ့အလွမ်း

အချစ်အနမ်းအလွမ်း
ရောစပ်ထားတဲ့သောက
သီချင်းတစ်ပုဒ်ခုတော့
ငါသီဆိုတတ်ခဲ့ပြီ

တစ်ခါတစ်ခါ
မိုးရေထဲမှာ
အတိတ်အကြောင်းစဉ်းစားရင်း
တွေးဖြစ်ခဲ့တာက….
မင်းနဲ့ငါ့ရဲ့အကြောင်း

သောကမီးဝန်းရံ
အိမ်မက်ဆိုးမက်စေပြီး
အလွမ်းတွေနဲ့
မိုးရေထဲမှာ…..
ခွဲခွာထားခဲ့ရက်တယ်။

အတိတ်ကမေ့မရတဲ့ဇာတ်လမ်း
စဉ်းစားရင်ခုန်ရင်း
အားအင်ချိနဲ့
ဒီမိုးရေထဲ…..
ငါတစ်ယောက်တည်း

မိုးရေနဲ့ဆေးကြော
ကင်းစင်မှုမရှိတဲ့
ငါ့ရဲ့ပူလောင်တဲ့အလွမ်း
ရက်စက်တဲ့အိမ်မက်ဆိုး
ကျိုးကြေနေတဲ့
ငါ့နှလုံးသား….ခုတော့
ထောင့်တစ်ထောင့်မှာ
နေ့ရက်များစွာ
ထင်ကျန်ခဲ့တာ
ယနေ့တိုင်ပါ။

သူလေးပေးပို့ပါတယ်

ကံ ကံ၏အကျိုး လား?

စနစ်ဆိုးရဲ့အောက် တို့တတွေရောက်
အထီးကျန်တဲ့ညတွေကိုကျော်ဖြတ်ရင်း
အရသာမရှိတဲ့ နေ့တွေကို လျှောက်နေရတယ်
ရင်နာစရာဘယ်လောက်ကောင်းသလဲ?
တရားစီရင်ရေးက မတရားစီရင်ရေးဖြစ်
စစ်အုပ်စုကထွတ်သမျှ ဥပဒေဖြစ်
အုပ်ချုပ်ရေးက လုပ်ချင်သလိုလုပ်နေ
ဒါကိုများဒီမိုကရေစီတဲ့ ဟုတ်ပါတယ်
အာဏာရှင် တစ်စုအတွက်တော့
ဖြစ်နိုင်ချေ ရှိရဲ့၊
အများပြည်သူအတွက်တော့
ကံ ကံ၏အကျိုးဘ၀ပေးမကောင်းဘူးတဲ့
ရင်နာစရာကောင်းလိုက်တာ၊
လုပ်ပိုင်ခွင့်မရှိလို့ - မလုပ်ကြရတာပါ
ကံဆိုတာ * အလုပ် * မမေ့နဲ့
လူဖြစ်လာရင်တော့ ကံကောင်းလို့မှတ်ပါ
မတရား ဖိနှိုပ်ချုပ်ချယ်နေတာကို
သဘောပေါက်ကြပါ၊
အမှားကိုမြင် * အမှန်ပြင်လိုက်ပါ
မြန်မာလူမျိုး * ခေရိုးထုံးစံမရှိ
လေ့လာကြည့်ပါ စုံစမ်းကြည့်ပါ
ဘုရားဟောတွေ သမိုင်းကြောင်းတွေ
ဘ၀ပေးကြောင့်မဟုတ်ဘူး သိပြီလား?
တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့လူ
မကောင်းလို့ပါ ၊ အုပ်စိုးသူမကောင်းလို့ပါ။
လူကိုမတိုက်နဲ့ ၊မူကိုတိုက် ၊
စနစ်ကိုပြောင်းလွှဲပြစ်မှရမယ်လေ။

ဝေလည်းမွှေး ကြွေလည်းမွှေး

နှင်းဆီပန်းလို ဆူးတွေဝေချင်တယ်

သဇင်ပန်းလို အမြင့်မှာ ပွင့်ချင်တယ်

ညမွှေးပန်းလေးလို တစ်လောကလုံးကို

မွှေးစေချင်တာ ရင်ထဲကဆန္ဒပါ…

ဖိုးလမင်းလို တလောကလုံးကို

အလင်းရောင်လေးပေးချင်တယ်..

ငွေကြယ်လေးလို ချစ်သူတွေအတွက်

အလင်းတန်းလေး ဖြစ်ချင်တယ်….

ဆောင်းရာသီလို အားလုံးကို အေးချမ်းပြီး..

နှင်းလေးတွေနဲ့ တစ်လောကလုံးကိုဝေချင်တယ်..

နွေရာသီလို အားလုံးကို နွေးထွေးမှုတွေပေးချင်တယ်၊

တကယ်တန်းကြတော့ ငါ့ဘဝမှာ..

သောကတွေ ရင်မှာပိုက်ပြီး..

ဗေဒါလေးလို ပင်လယ်မှာ မျောနေရတယ်…

ဒုက္ခတွေရဲ့ ရက်စက်မှုကြောင့် သမုဒ္ဒရာမှာ

တစ်ယောက်ထဲ ခံစားနေရတဲ့

လှိုင်းတံပိုးလေးပါ…။

လောက ကြမ္မာရဲ့ ဒဏ်ခက်မှုကြောင့်

ဒို့ဘဝလေးဟာ ….

ခရေပန်းလို အကြွေစောခဲ့ရတယ်လေ….၊

စာရေးသူ ….ကြည်ဖြူ

စာမျက်နှာမရှိတဲ့ နအဖ

သမိုင်းမှာ ဆွေးနွေးစရာမရှိ ဟေ့ နအဖ
အဲဒီနေ့တွေက
ငါမျက်ရည်တွေ ကြရတယ်…..
အဲဒီနေ့တွေက
နေမင်းကြီးမျက်နှာ မပြရဲဘူး..
အဲဒီနေ့တွေက
နအဖ ကို ဒေဝဒတ် ဝင်ပူးကပ်နေလေရဲ့……
အဲဒီနေ့တွေက…
လမ်းမပေါ်မှာ ဖိနပ်တွေ ကျဲပြန့်နေလေရဲ့..
အဲဒီနေ့က
ပြည်သူတွေသွေးစွန်းရတဲ့ နေ့ပေါ့..
ဘုရားဆင်းတုတော်ကို ခေါင်းဖြတ်ပြီး
သံဃာတော်တွေသွေးနဲ့ ရစ်ပူဇော်တဲ့နေ့ပေါ့…
(၇) ရက်ဇူလှိုင်တဲ့ (၈၈၈၈) တဲ့..
ဒီပဲရင်းနဲ့ ရွှေဒါရောင်တဲ့..
ရာဇဝင် ရိုင်းခဲ့လေပြီ အဖေ
အဖေ ကျွန်တော်တို့ တမ်းတနေရပြီဗျာ…
အဖေထူထောင်ခဲ့တဲ့ စစ်တပ်
ပြည်သူတွေကို သတ်နေပြီဗျာ…
ရာဖဝင်ရိုင်းလိုက်တဲ့ နအဖ
မင်းတို့ ရဲ့ မျက်ရည်တွေ….
မြေပေါ်မကျစေနဲ့ လုံးဝမကျစေနဲ့..
ငါတို့က အားမတန်လို့ မာန်လျှောတာမဟုတ်ဘူး
အားမတန်ခဲ့လို့ မာန်တင်းထားခဲ့တာကွ..
လက်ခုပ်ထဲ က ရေတော့လုံးဝအဖြစ်မခံနိုင်ဘူး
လုပ်ခုပ်ထဲက သံမှိုတွေအဖြစ် ပြောင်းပြစ်လိုက်မယ်..
ခေတ်သစ်တပ်မတော်ဆိုတာကို ဖြုတ်ချလိုက်
ငါလုံးဝ မကြားချင်ဘူး မမြင်ချင်ဘူးဟေ့…
ငါတို့ရဲ့ သမိုင်းမှာဆွေးနွေး စရာအကြောင်းမရှိဘူးဟေ့..
နောက်တစ်ခါ မောင်းပြန်တစ်ချက် ထပ်ဖေါက်ရင်
ရာဇပုလ္လင် မီးဟုန်းဟုန်းတောက်စေရမယ်ကွ….

Saturday, May 9, 2009

ချစ်နောင်တ

ချစ်တယ်ချစ်တယ်လို့
အခါတစ်ထောင်မက
ကိုယ်ပြောဖူးပါတယ်…
ချစ်သူ…မင်းကတော့လေ
အထောင်တစ်ရာမက
ပြောသွားတယ်နော်…..
ကိုယ်ပြောတဲ့စကားက
နှလုံးသားထဲကပါ….
စစ်မှန်တဲ့ခံစားချက်က
ဖြစ်ပေါ်လာချင်းပါချစ်သူ…
ကောင်မလေးရေ
မင်းကတော့……
ပလီပလာ..တီတီတာတာနဲ့…
စိဉ္စာမာန ဝင်စားပြီး
ငါ့ကို ပြောသွားခဲ့တာလေ
မင်းထက်မိုက်တာလို့..
မပြောပါဘူးကွယ်..
ကိုယ့်ထက်မိုက်တာတော့
ကမ္ဘာမှာ မရှိတော့ဘူးလေ..
အသိတရားဟာ ..
နောက်ကြသွားလို့
နောင်အခါမှာ
နောင်တတွေနဲ့
ပြည့်ညတ်နေလို့ပေါ့ ချစ်သူရယ်….

ချစ်လွန်းလို့ပါ

ချစ်တယ်လို့ မပြောရဲခဲ့တာ..
မဟုတ်ဘူး.......
ပြောလိုက်ရင်မယုံမှာကိုစိုးတာလေ..
ဖွင့်မပြောခဲ့တာ ....
သတ္တိမရှိခဲ့တာ မဟုတ်ဘူး...
မင်းအထင်သေးသွားမှာကိုးကြောက်တာပါ....

ချစ်သူပါးပြင်ကို
မနမ်းချင်ခဲ့တာ မဟုတ်ဘူး..
လှလွန်းလို့မမွှေးရက်ခဲ့တာပါ...

နှလုံးသားပေါ်လာလည်သွားတဲ့
ချစ်သူ့ခြေရာတွေဟာ...
ကမ္ဘာတည်သရွေ့သာ ...
ရှိနေခဲ့မယ်ဆိုရင်လေ..
ချစ်သူ့ဖဝါးအောက်က်
ရင်ခွင်တစ်ခုလုံး
အလွမ်းကင်းမဲ့ဇုံ...
ဖြစ်ပါရစေသား ချစ်သူရယ်...

ထာဝရ ချစ်သူ

တစ်နှစ်ဆိုတာ
မကြာဘူးလို့ထင်ရပေမယ့်
သိပ့်ချစ်သူတွေအတွက်တော့
ဘယ်လောက်ဝမ်းနည်းစရာကောင်းလည်း
မမြင်နိုင်တဲ့အရာတွေက
သိပ့်ဆန်းကြယ်လွန်းတယ်လေ.....

တစ်နှစ်တော့မပြောနဲ့ချစ်သူ
တရက်လေးတောင်မခွဲနိုင်ဘူးကွာ
ကိုယ်ဘယ်တော့မှ မင်းနဲ့မခွဲချင်ဘူး

မင်းထားခဲ့ရင်တော့........
ငါကျေနပ်ပါတယ်ချစ်သူ
ငါကချစ်ရသူကိုး
အလွမ်းတွေအတွက်
စာမစီချင်ဘူးချစ်သူ....

မျက်ရည်တွေနဲ့ ...
ပင်လည်ကိုတည်ဆောက်ပြီး
အလွမ်းတွေနဲ့....
ဘဝကိုလမ်းလျှောက်မယ်....
နောင်ဘဝဆိုတာရှိခဲ့ရင်
မင်းဟာ ......
ကိုယ့်အတွက်......
ထာဝရချစ်သူပါပဲကွာ...




“နောက်ဆုံးဆန္ဒ”

ငါရင်ဝတွင် ကျဉ်ဆံဝင်၍

သွေးရှင်လတ်လတ် မပျက်စီးဆင်း

ဖြစ်နေခြင်းကြောင့်

သေမင်းငါ့ကို စိန်ခေါ်နေပြီ

ငါမသေခင်မှာခဲ့ချင်သည်

လိုအင်ဆန္ဒမရခြင်း

အားမာန်တင်း၍

တိုက်ပွဲဝင်ကြ

ဝင်းမြင့်ထွန်း ရန်ကုန်တတ္ကသိုလ်

“သားပျေက်ရှာ”

သူရူးမတစ်ယောက်

သားပျောက်ရှာရင်း

ကန့်ကော်ခင်းသည့်

တလင်းမြေထက်

လျောင်းအိပ်စက်၍

ရှိုက်မက်လှိုက်ဖို

ငိုချင်းဆိုသည်

လူကိုခွေးသတ်လေခြင်းတဲ့..

“မကွယ်ဝှတ်နိုင်သော သစ္စာတရား”

လူသတ်လက်နက်နှင့်

ချေဖျက်သွေးစွန်း

ထုံးဖွန်သွန်းလည်း

ထွန်းထွန်းနီစွေး

ငါတို့သွေးကား

ထင်ရှားရဲရဲ ရှိပြီတည်း။

မောင်ဝင်းခိုင် ရန်ကုန်တက္တသိုလ်

“သွေးကွတ်များ”

လက်သီးဆုပ်လျက် ကြွေးကြော်တက်ရင်း

သေမင်းခေါ်သံ ဆူဆူသံကြား

ကျဆုံးသွားသည့် ကျောင်သား လူရွယ် ရဲဘော်များ

နီရဲပူနွေး သတ္တိသွေးကား

စွန်းထင်းအိုင်ကွတ် လမ်းအပြည့်

နောက်တစ်နေ့တွင်

ချောက်သွေ့ခဲ့လို သွေးနီညိုကို

သူတို့ဖျက်၍ ပျက်ပြီတကား

အော်……

သမိုင်းစာရွတ် မျက်နှာထက်တွင်

ထိစင်ရဲစက် တို့ သွေးကွတ်မူ

အသူဖျက်၍ရအံ့နည်း

“တို့ဆုတောင်း”

ကျောင်းတော်ခရီး လမ်းမကြီး၌

သွေးစီးပွတ်ပွတ် ခုနှစ်ရက်နေ့

မမေ့ပါနိုင် လဇူလှိုင်တွင်

သဲဆိုင်ဆိုင် အက်အက် အသက်စတေး

ခွင့်ရေးဆန္ဒပြခဲ့ကြသည်

ဘဝကောင်းရာလားစေသော်..။

“အရှုံးမပေး”

ညာလက်ကျိုးလည်း

ဘယ်လက်ဝဲဖြင့်

တိုက်ပွဲအသစ်ဝင်ဦးမည်၊

“ပန်ကြားချက်”

တက္ကသီလာ

သွေးမိုးဖြာသည်

ပြည်ရွာ မိဘ မြင်လှဲ့ပါ…

“အမင်္ဂလာ အပေါင်းနှင့်ပြည့်စုံသော ၁၉၆၂ ခုသို့”

သုညဘဝ သုညကမ္ဘာကို

တည်ဆောက်ကြဖို့လာကြပြီ

အဆီင်္အနှစ်ပြည်ဝသော စပါးပင်တို့

ကိုင်းပြီးမျိုးစေ့ မမှန် ပင်မသန်

ဖူးတံငုံကင်း အသီးဖျင်းတို့ မော်ကြွားပြီ

ပြည်သူက အပ်နှင်းတဲ့အာဏာ

ပြည်သူကတပ်ဆင်ပေးတဲ့လက်နက်တို့

ကျက်သရေ ကင်းမဲ့သော ဆုံးဖျက်ချက်တို့

ဓာတ်တူ နာမ်တူ ဆေးဘတ်ယူကြပြီ

ကျောင်းသား လယ်သမား အလုပ်သမား

ပြည်သူတို့ ဘဝ ဆုံးခဲ့ကြရပြီတကော….

၇ ရက်ဇူလှိုင် အရေးတော်ပုံသို့ အမှတ်ရစေဖို့

တင်ပြလိုက်ချင်းဖြစ်ပါတယ်.

ပြည်သူပြည်သားတွေသွေးမြေကျခဲ့ရတဲ့ အရေးတော်ပုံ

ဘယ်တော့မှ တို့မမေ့ ....

ကြိုးစားလျှက် ရွှေညာသား


ကြွေလည်းမွှေးကြ တော်လှန်ရေးသမားဘဝ

"လူသေသော်လည်းနာမည်မသေတဲ့"

တိုက်ပွဲပေါင်းမြောက်များစွာနဲ့…

ကျန်ရှိနေတဲ့ရဲဘော်တွေ

ဝမ်းသာပါဘိ .ဂုဏ်ယူပေစွ..ဂုဏ်ယူပ

တိုင်းပြည်နဲ့လူမျိုးကိုချစ်စွာ

အသက်သွေးချွေး စတေးခဲ့ကြ

များပြားလှတဲ့ သူရဲကောင်းတွေ

ကမ္ဘာတစ်ခွင်မှာ စံတင်ထားလိုက်တယ်

ခန္ဓာမြေကြ တမလွန်ဘဝကိုရောက်ရပေမယ့်

ရဲဘော်တို့ရဲ့ သမိုင်းနဲ့ရာဇဝင်

ကြွင်းကျန်တဲ့ ရုပ်ပုံလွှာတွေဟာ

မဉ္ဇူသက နတ်ပန်းထက်

သင်းတမြမြ မွှေးကြိုင်လှပြီး

မျိုးချစ်ပြည်ချစ်…ရင်တွင်းဖြစ်နှလုံးသားမှာ

ကမ္ဘာတည်သ၍…..

တည်တံ့နေမှာပါ

စွန့်လွှတ်ပြီးအနစ်နာခံ

ရဲဘော်ရဲ ခန္ဓာနဲ့ရုပ်ကြွင်း

အကျဉ်းစံအိမ်မှာ ထောင်သွင်းထားပေမယ့်

ရဲဘော်ရဲ့ နာမည်နဲ့သတင်းက

ကမ္ဘာ့အပြင်ထိအောင်

လူတိုင်းရဲ နှလုံးသားမှာ

ထာဝရပန်းလို လန်းဆန်းနေလျှက်ပါ။

ကြဆုံးသွားသောရဲဘော်များနှင့်တကွ ထောင်အတွင်းရောက်နေသောရဲဘော်များအား

ကျွန်တော်မှတက်သမျှလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်ခင်ဗျား။

အမှတ်တမဲ့မှ အမှတ်တရသို့

မထင်မှတ်တဲ့ညတစ်ညမှာ

မင်းရဲ့အသံလေးကိုကြားခဲ့တာ

အတည်ပေါက်နဲ့ပြောတဲ့စကား

ဒို့ရင်ထဲမှာစွမ်းလမ်းသွား

ရည်သံလေးကတစ်မျိုးပါ

နားဝင်ချိုလိုက်တာ

နေ့စဉ်ညတိုင်းတောင်းတတာ မင်းရဲ့အသံလေးပါ။

စာရေးသူ ---ကြည့်ဖြူ

စစ်သူကြီးရဲ ကျမျက်ရည်

စစ်ပွဲဆင်နွှဲ မုန်တိုင်းထဲ၌

ခက်ခဲကြမ်းတမ်း ဆူးငြောင့်ငြွမ်းလည်း

ပင်ပန်းမျက်ရည် မလည်တစ်ကား

စစ်ပွဲကြိမ်ဖန် တွေ့ကြုံပြန်လည်း

သွေးသံရဲရဲ ဇွဲမာန်ကဲဘိ

ငွဲပွဲမျက်ရည် မဆင်တကား

စစ်ပွဲများစွာ ကျော်ဖြတ်လာလည်း

ဘာမျှမကြောက် ဒူးမထောက်ခဲ့

အံ့လောက်မျက်ရည် ခိုင်ကြည်တကား

သို့ပင်ဖြစ်လည်း

အနှစ်မေတ္တာ ဂရုဏာတည့်

ကြင်နာချစ်ခင် သံယောဇဉ်နှင့်

ရင်မှာဖြစ်လာ ဝေဒနာတို့

ပေါင်းမြတ်ရောယှတ် တွေ့ကြုံချက်ကြောင့်

ကျမျက်ရည်အိ ဝေ့လည်သိသော်

သတ္တိနည်းမည် ဆိုမည်လား. ။ ….။

ဘဝပုံရိပ်အပိုင်းစများမှ ….

ကိုစည်သူ၏ ထောင်တွင်းရေးစပ်သော ကဗျာတစ်ပုဒ်

လူသေခေါင်းထဲက
သက်ရှိအလောင်းကောင်လိုဘဝမှာ
ငါတို့မနေနိုင်ဘူး
အနာဂါတ်
မြင့်မြတ်သောလွတ်လပ်ခြင်းအတွက်
ဘာရင်း ဆက်ရမလဲ

ငါတို့မျိုးဆက် အသင့်ရှိတယ်

မှတ်ချက် ။။ ၁၉၉၁ ခုနှစ် ဒီဇင်ဘာ(၃၀)ရက်နေ့က အထူးစစ်ခုံရုံးတွင်
အမိန့်ချမှတ်သည့် တရားသူကြီးက အပြစ်ရှိ မရှိ မေးခဲ့ရာ ကိုစည်သူက
အောက်ပါအတိုင်းဖြေဆိုခဲ့သည်။
အပြစ်ရှိလား မရှိလားဆိုတာ မမေးပါနဲ့ ၊ မတရားသူတွေရဲ့ တရားစီရင်တာကို
ကျနော်တို့ အသိအမှတ်မပြုနိုင်ဘူး ကြိုက်သလိုစီရင်လို့ရတယ် ၊
ဒါပေမယ့် ……..ဒါဟာမတရားမှုပဲ…….

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင်နေထိုင်သည်
၁၉၉၁ခုနှစ် ဇွန်လ(၂၁) နေ့တွင်ဖမ်းဆီးခြင်းခံရသည်
၂၀၀၁ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် ကွယ်လွန်သည်
ကွယ်လွန်ချိန်တွင် အသက် (၃၅)နှစ်ရှိပြီဖြစ်သည်။

အသက်နဲ့ခန္ဓာမတည်မြဲတော့ပေမယ့်

ဘယ်တော့ မှ မေ့ရမှာ မဟုတ်တာ သေချာပါတယ်

ဒါကြောင့်အားလုံးအမှတ်ရစေဖို့ တင်ပြလိုက်ချင်းဖြစ်ပါတယ်။ ။

Tuesday, May 5, 2009

အချစ်ကြီးသူ

ပစ္စည်းသင်္ခါရ

လူသင်္ခါရဆိုပေမယ့်

မင်းကိုချစ်တဲ့…

ချစ်စိတ်တွေကတော့လေ……..

ထာဝရပါပဲချစ်သူရေ..

ပုတ်သင်ညိုလို ခေါင်းမညိတ်တက်ပေမယ့်

မင်းပြောသမျှစကားတွေကို

ကိုယ့်ဘယ်တုံးကငြင်းဘူးလို့လည်းချစ်သူ..

ငါ့အတွက်တော့ မင်းဟာ

အမှန်တရားပဲလေ

ငါ့ဘ၀ ကိုဖျက်စီးပြီး

ကိုယ့်နှလုံးသားကို

ဓားထက်ထက်မှာ

တင်ခဲ့မယ်ဆိုရင်

အပြစ်ဆိုတာမမြင်

အချစ်သစ်တွေတိုးပြီး

တမလွန်မနေစောင့်ပြီး

ဆက်ချစ်နေမှာပါချစ်သူ

ချစ်တယ်ဆိုတဲ့

စကားနှစ်လုံးဟာလေ…

ကိုယ့်အတွက် မင်းပြောခဲ့ရင်

ဆယ်ဘ၀ထိလည်း

ချစ်သွားနိုင်ပါတယ်ချစ်သူရယ်….

တိတ်တခိုး

မျှော်လင့်ချက်တွေကင်းမဲ့တဲ့

ဇုံတစ်ခုကိုပြပါဆိုရင်

ခေါင်းကိုမော့ ….

ရင်ကိုကောပြီး…

ငါ့နှလုံးသားကို ပြလိုက်ပါချစ်သူ..

မင်းအပေါ်ထားရှိတဲ့…

ကိုယ့်မေတ္တာတွေဟာ

ကိုယ်သိပ့်ချစ်ရတဲ့ မင်းပေါ်မှာ

ဘာမှမျှော်လင့်မထားလိုပဲ

ဖြူစင်တဲ့ငါ့နှလုံးသားကို

ကိုယ့်ချစ်တဲ့မင်းတစ်ယောက်အတွက်

မွေးနေ့လက်ဆောင်အဖြစ်

ပုံအောပြီးချစ်ခဲ့လိုပါကွာ….

မင်းအတွက် ကိုယ်ဟာ..

ဘာမှမဟုတ်ခဲ့ပေမယ့်…

ကိုယ့်တစ်ယောက်အတွက်တော့..

မင်းတစ်ယောက်ဟာ….

အနောက်ရပ်က နေမထွက်ပေမယ့်

ဟိမ၀န္တာတောင်ထိပ်က

နှင်းကြာပန်းထက်မက…

တန်ဖိုးထားခဲ့လိုပါ…….

မျှော်လင့်ချက်ဆိုတာ ဝေလာဝေး

အတွေးထဲပဲချစ်နေမယ်လေ

တစ်သက်လုံးပဲပေါ့ချစ်သူရေ……

ထိုတစ်နေ့

ရွှေထီးလေးလက် ဖြန့်ဝေကျက်၍
ငြိမ်သက်အိပ်ပျော် နေဘိသော်လျှင်
ခေါ်၍မကြား အော်မကြားချေ
တရားရှုမှတ် နေဘိလက်သို့
ပါးစပ်စေ့ကာ ချမျက်လွှာနှင့်
ခုခါရုပ်ဆင်း မပျက်ယွင့်ဘဲ
ဝင်းစက်သားရေ နဂိုနေနှင့်
အမေ သေပန်းပွင့်လေပြီ..
မကြားချင်ဆုံး
မကြုံချင်ဆုံး
မကြည့်ချင်ဆုံး
အဆုံးတစ်ကွေူ့ထိုတစ်နေ့ကို
မတွေရအောင်ဘယ်သို့ရှောင်လည်း
ရှောင်လွှဲမရ အနိစ္စကို
စိတ်ကသိလည်း ဖြေနိုင်ခဲစွ
ပွဲ့တွေအပူ သံမြည့်ဆူသည်
ဘယ်သူသိနိုင်ပါ့မလည်း အမေ
မေးချင်တာလေးမေး၍မရ
ကျွေးချင်တာလေး ကျွေး၍မရ
ပေးချင်တာလေး ပေး၍မရ
မရလေလေ ရချင်လေပါ
အမေမရှိ အဖေမရှိ
မိဖမဲ့သား မျက်ကွတ်ထားလျက်
သွားရက်ခဲ့ပြီနော် အမေ....။
သားသမီး အပူ မြေးအပူနဲ့
အပူတွေသိမ်း ဒုက္ခငြိမ်းပေါ့
လိမ်းကျံခဲ့ရ လူ့ဘဝ၏
သောက မြူငွေ့ အမေမေ့ပေါ့
အမေ့ထံပါး သမီးသားတို့
ဝပ်တွားတွပ်ကွ ကန်တော့ကြပြီး
ထကာငိုကြွေး ယခင်ရှေးလို
ဆုမပေးနိုင်တော့ဘူးနော် အမေ
သြော်.....မေးချင်တာလေး မေး၍မရ
ကျွေးချင်တာလေး ကျွေး၍မရ
ပေးချင်တာလေး ပေး၍မရ
ရနိုင်သူများသတိထားဖို့
ရှိထားအမေ မြတ်နိုးစေဖို့
ဆုခြွေဆင့်ပွား မေတ္တာအားဖြင့်
မေ့သားကဗျာ ရေးမိပါသည်
သာဓုခေါ်နိုင်ပါစေအမေ...။ ။
မြင်းမူ ---မောင်နိုင်မိုး၏ကဗျာဖြစ်ပါသည်။
အမေနှင့်ပတ်သတ်၍ ကောင်းကောင်းကြီးခံစားမိလို့တင်ပြလိုက်ပါတယ်ခင်ဗျား။။။

Wednesday, January 28, 2009

ဓားသွားထက် ကလောင်သွားထက်


မင့်လက်ထဲမှာ ရှိတဲ့လက်နက်
ပစ်သတ်လို့သေရင်
တစ်ဘ၀ တစ်ခဏ ထာဝရမဖြစ်
ဒါပေမယ့် ကလောင်လက်နက်
သူသာရေးသတ်ရင်
တစ်ဘ၀ တစ်ခဏမက
ထာဝရကြွရလိမ့်မယ်
ဓားသွားလက်နက် ဘယ်လောက်ထက်ထက်
ကလောင်လက်နက်ကိုမမှီ
ကလောင်သာ တကယ်ထက်လျှင်
တစ်မျိုးသားလိုး တစ်တိုင်းပြည်လုံး
အဆင့်တွေမြင့်ကုန်ကြလိမ့်မယ်
ဒါကြောင့် …
မင့်လက်ထဲမှာ ရှိတဲ့ကလောင်
ဘယ်သူတွေ ပြောင်ပြောင်
ဘယ်သူတွေ လှောင်လှောင်
ကလောင်ကို လက်ကကိုင်စွဲ
အပြတ်နွှဲကြစမ်းပါ
ဟိုရှေးအရင် ဟိုယခင်က
အင်္ဂလိပ်အုပ်ချုပ်စဉ်ကပေါ့
စာရေးဆရာများရဲ့ ကလောင်ချက်
အစွမ်းထက်လို့ အာဇာနည်တွေပေါ်ထွက်
စုပေါင်းတိုက်ထုတ်ချက်ကြောင့်
တိုင်းပြည်ရဲ့ လွပ်လပ်ရေး
တကယ်ရယူပေးခဲ့တာ
ကလောင်တွေရဲ့အစွမ်း
အံ့မခန်းစရာပဲ မဟုတ်လား
ဒါကြောင့် …
မင့်လက်ထဲမှာ ရှိတဲ့ကလောင်
ဘယ်သူတွေပြောင်ပြောင်
မင်းမယောင်နဲ့
တိုင်းပြည်အတွက်
မင့်ရဲ့ ကလောင်အစွမ်းထက်ထက်နဲ့
အပြတ်သာ နွှဲလိုက်စမ်းပါ။
မင်းသုည ကွမ်းခြံကုန်း

ကန်တော့ပန်း


တစ်ခါတစ်လေ အညာမြေမှ
ဖခင်ကိုမှန်း စိတ်ကလွမ်းပြီး
လွမ်းသည့်အလျှောက် သားမရောက်၍
နောက်ကျူစိတ်မှာ မဖြေသာခဲ့။

တစ်ခါတစ်လေ အညာမြေရှိ
မိခင်ကိုမှန်း စိတ်လွမ်းလည်း
လွမ်းသည့်အလျှောက် သားမရောက်၍
နောက်ကျူစိတ်မှာ မဖြေသာခဲ့။

ဖ မိမှန်းကာ အလွမ်းနာနှင့်
လူမှာမရောက် စိတ်သာရောက်ခဲ့
မြောက်မြားလှစွာ လူ့ဝန်တာနှင့်
သာရေးနာရေး ရပ်ရွာရေးကြောင့်
အပြေးအလွှား မလာအားခဲ့
သားကိုခွင့်လွှတ်ပါအဖေ
သားကိုခွင့်လွှတ်ပါအမေ။
ထိုသို့တစ်စေ
မရောက်ပေလည်း
မွေးမေကိုမှန်း ကန်တော့ပန်းနှင့်
ကျွေးဖေကိုမှန်း ကန်တော့ပန်းနှင့်
ရည်မှန်းခါခါ ဦးခိုက်ပါသည်
သာဓုခေါ်ပါ အိုဖေဖေ
သာဓုခေါ်ပါ အိုမေမေ။ ။

Saturday, January 24, 2009

ထိုတစ်နေ့

ရွှေထီးလေးလက် ဖြန့်ဝေကျက်၍

ငြိမ်သက်အိပ်ပျော် နေဘိသော်လျှင်

ခေါ်၍မကြား အော်မကြားချေ

တရားရှုမှတ် နေဘိလက်သို့

ပါးစပ်စေ့ကာ ချမျက်လွှာနှင့်

ခုခါရုပ်ဆင်း မပျက်ယွင့်ဘဲ

ဝင်းစက်သားရေ နဂိုနေနှင့်

အမေ သေပန်းပွင့်လေပြီ..

မကြားချင်ဆုံး

မကြုံချင်ဆုံး

မကြည့်ချင်ဆုံး

အဆုံးတစ်ကွေူ့ထိုတစ်နေ့ကို

မတွေရအောင်ဘယ်သို့ရှောင်လည်း

ရှောင်လွှဲမရ အနိစ္စကို

စိတ်ကသိလည်း ဖြေနိုင်ခဲစွ

ပွဲ့တွေအပူ သံမြည့်ဆူသည်

ဘယ်သူသိနိုင်ပါ့မလည်း အမေ

မေးချင်တာလေးမေး၍မရ

ကျွေးချင်တာလေး ကျွေး၍မရ

ပေးချင်တာလေး ပေး၍မရ

Sunday, January 11, 2009

ဝေလည်းမွှေး ကြွေလည်းမွှေး

နှင်းဆီပန်းလို ဆူးတွေဝေချင်တယ်
သဇင်ပန်းလို အမြင့်မှာ ပွင့်ချင်တယ်
ညမွှေးပန်းလေးလို တစ်လောကလုံးကို
မွှေးစေချင်တာ ရင်ထဲကဆန္ဒပါ…
ဖိုးလမင်းလို တလောကလုံးကို
အလင်းရောင်လေးပေးချင်တယ်..
ငွေကြယ်လေးလို ချစ်သူတွေအတွက်
အလင်းတန်းလေး ဖြစ်ချင်တယ်….
ဆောင်းရာသီလို အားလုံးကို အေးချမ်းပြီး..
နှင်းလေးတွေနဲ့ တစ်လောကလုံးကိုဝေချင်တယ်..
နွေရာသီလို အားလုံးကို နွေးထွေးမှုတွေပေးချင်တယ်၊
တကယ်တန်းကြတော့ ငါူ့ဘဝမှာ..
သောကတွေ ရင်မှာပိုက်ပြီး..
ဗေဒါလေးလို ပင်လယ်မှာ မျောနေရတယ်…
ဒုက္ခတွေရဲ့ ရက်စက်မှုကြောင့် သမုဒ္ဒရာမှာ
တစ်ယောက်ထဲ ခံစားနေရတဲ့
လှိုင်းတံပိုးလေးပါ…။
လောက ကြမ္မာရဲ့ ဒဏ်ခက်မှုကြောင့်
ဒို့ဘဝလေးဟာ ….
ခရေပန်းလို အကြွေစောခဲ့ရတယ်လေ….၊
စာရေးသူ ….ကြည်ဖြူ

Saturday, January 10, 2009

ဝေးကွာပြီ

နောက်ဆုံးနှုတ်ဆက်အပြုံးလေးပေးပြီး
လက်ပြနှုတ်ဆက်လို့ 
ဘယ်လောက်ကြာဦးမလဲမသိတဲ့ 
ဝေးကွာခြင်းတွေ
တို့ နှစ်ယောက်အကြား
ရောက်ရှိလို့ လာခဲ့ပြီပေါ့
အရမ်းလွမ်းတယ်ချစ်သူရယ်…

အနားမှာနေခဲ့စဉ်က
တန်ဖိုးမထားတတ်ခဲ့တဲ့တို့ 
အဝေးဆုံးဝေးတော့မှ
တို့ အနားမင်းရှိခဲ့တဲ့
နေ့ ရက်တွေကို
လွမ်းတတ်နေခဲ့ပြီ
တစ်နယ်စီခြားပြီးနေရတဲ့ တို့ ဘဝ
ရင်ထဲမှာဟာတာတာနဲ့ 
မင်းနဲ့ အတူရှိခဲ့တဲ့အချိန်တွေကို
ပြန်တမ်းတနေမိတယ်
မင်းရဲ့ အကြင်နာမျက်လုံးလှလှလေးတွေကို
ငေးကြည့်နေချင်သေးတယ်..

မင်းပြောတဲ့ချစ်စကားလေးတွေမှာ
ကြည်နူးနေချင်သေးတယ်
မင်းပေးတဲ့ အကြင်နာတွေကို
မက်မောနေတုန်းပဲ
ချစ်သူရေ
ခါးသီးတဲ့ အချိန်တွေကို
ကြိတ်မှိတ်မျိုသိပ်ရင်း
တို့ နှစ်ယောက်
ပြန်ဆုံမဲ့နေ့ ကိုပဲ
မင်းကိုချစ်တဲ့ စိတ်လေးနဲ့ 
မျော်လင့်နေတော့မယ်………

သူလောက်လှတဲ့သူမရှိ

နားလည်မှုတွေပြည့်ဝ
အတ္တမပါပဲ ငါ့ကိုချစ်ခဲ့
တွေ့ရ မြင်ရတာ တခဏ ဆိုပေမယ့်
ညစဉ် ညတိုင်း မိုးမလင်းယုံတစ်မယ်..
စကားတွေပြောခဲ့ကြ…
ရေစက်ကဆုံ အကြောင်းကံမကုန်တော့
မင်းဓာတ်ပုံလေးနှစ်ပုံ ရခဲ့ဘူးတယ်လေ
ဆယ်ဘဝတိုင်းတိုင် မယိုင်ခဲ့တဲ့ငါ့နှလုံးသား
မင်းနဲ့ကြမှ အရေပျော်သွားခဲ့ရတယ်ကွယ်..
ဖြစ်တည်ပျက် ထိုသုံးချက်မှာ..
မင်းနဲ့တွေ့တဲ့ တည် တစ်ချက်သာ
ဆယ်ဘဝတိုင် အသက်ရှင်လည်း
ဒီဘဝသာ အပျော်ဆုံးပါကွယ်
ခပ်တွေတွေလေး ငေးနေတဲ့
ငါ့ရင်ဝယ်ကနှလုံးသားတစ်စုံဟာ
မင်းနဲ့တွေ့မှ ပျော်ခဲ့ရ..
ရင်ခုန်သံစည်းချက်..
ခပ်မှန်မှန်လေး လှုပ်ရှားပါလေရော.
ဟာသမနှောအမှန်သဘောပြောရရင်
နှလုံးသားရင်တွင်း အတင်းထုတ်လိုက်ရင်
မင်းလောက်လှတဲ့သူ ကမ္ဘာပေါ်မှာ..
ငါရှာမတွေ့တော့ဘူး
ငါ့နှလုံးသားတည်ရာ မင်းအလှဆုံးပါကွာ၊

နင်ပြုရက်တယ်

ငါဟာလေ..
ငါ့ဘဝတစ်ခုလုံးကို ပုံအပ်ထားပြီး
စေချင်သလိုစေ… ယုံကြည်ခြင်းတွေနဲ့
ဒို့အနစ်နာခံ ချစ်ခဲ့တာပါ…. အခုတော့
ယုံမိလို့ ပုံတူမရှိအောင် ခံစားနေရပြီပေါ့..။
စိတ်ကူးရင်တဲ့ငါဟာ… ရင်ကိုကြိတ်မှိတ်ပြီး
အရမ်းလွမ်းရင်း.. မင်းကို ဒို့တကယ်ချစ်ခဲ့တာပါ..
အမြတ်မထား ငါချစ်ငြားလဲ
နင်..ကား မသိ သိပ်ရက်စက်တယ်
အစိမ်းရောင်တင် အမုန်းသွင်နဲ့
မကြင်ရက်စက် နင်ပြုရက်တယ်။
အမုန်းလက်နဲ့ ငါ့အသဲထက်မှာ
ရင်ထက်ထက်ချမ်း ကွဲစေတက်၏ ။
ဖြူစွာလှမြဲ ငါ့အသဲကို
ချစ်သဲပြုရက်လေတယ်နော်…