ရွှေထီးလေးလက် ဖြန့်ဝေကျက်၍
ငြိမ်သက်အိပ်ပျော် နေဘိသော်လျှင်
ခေါ်၍မကြား အော်မကြားချေ
တရားရှုမှတ် နေဘိလက်သို့
ပါးစပ်စေ့ကာ ချမျက်လွှာနှင့်
ခုခါရုပ်ဆင်း မပျက်ယွင့်ဘဲ
ဝင်းစက်သားရေ နဂိုနေနှင့်
အမေ သေပန်းပွင့်လေပြီ..
မကြားချင်ဆုံး
မကြုံချင်ဆုံး
မကြည့်ချင်ဆုံး
အဆုံးတစ်ကွေူ့ထိုတစ်နေ့ကို
မတွေရအောင်ဘယ်သို့ရှောင်လည်း
ရှောင်လွှဲမရ အနိစ္စကို
စိတ်ကသိလည်း ဖြေနိုင်ခဲစွ
ပွဲ့တွေအပူ သံမြည့်ဆူသည်
ဘယ်သူသိနိုင်ပါ့မလည်း အမေ
မေးချင်တာလေးမေး၍မရ
ကျွေးချင်တာလေး ကျွေး၍မရ
ပေးချင်တာလေး ပေး၍မရ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment