Sunday, January 11, 2009

ဝေလည်းမွှေး ကြွေလည်းမွှေး

နှင်းဆီပန်းလို ဆူးတွေဝေချင်တယ်
သဇင်ပန်းလို အမြင့်မှာ ပွင့်ချင်တယ်
ညမွှေးပန်းလေးလို တစ်လောကလုံးကို
မွှေးစေချင်တာ ရင်ထဲကဆန္ဒပါ…
ဖိုးလမင်းလို တလောကလုံးကို
အလင်းရောင်လေးပေးချင်တယ်..
ငွေကြယ်လေးလို ချစ်သူတွေအတွက်
အလင်းတန်းလေး ဖြစ်ချင်တယ်….
ဆောင်းရာသီလို အားလုံးကို အေးချမ်းပြီး..
နှင်းလေးတွေနဲ့ တစ်လောကလုံးကိုဝေချင်တယ်..
နွေရာသီလို အားလုံးကို နွေးထွေးမှုတွေပေးချင်တယ်၊
တကယ်တန်းကြတော့ ငါူ့ဘဝမှာ..
သောကတွေ ရင်မှာပိုက်ပြီး..
ဗေဒါလေးလို ပင်လယ်မှာ မျောနေရတယ်…
ဒုက္ခတွေရဲ့ ရက်စက်မှုကြောင့် သမုဒ္ဒရာမှာ
တစ်ယောက်ထဲ ခံစားနေရတဲ့
လှိုင်းတံပိုးလေးပါ…။
လောက ကြမ္မာရဲ့ ဒဏ်ခက်မှုကြောင့်
ဒို့ဘဝလေးဟာ ….
ခရေပန်းလို အကြွေစောခဲ့ရတယ်လေ….၊
စာရေးသူ ….ကြည်ဖြူ

No comments:

Post a Comment