Saturday, January 10, 2009

သူလောက်လှတဲ့သူမရှိ

နားလည်မှုတွေပြည့်ဝ
အတ္တမပါပဲ ငါ့ကိုချစ်ခဲ့
တွေ့ရ မြင်ရတာ တခဏ ဆိုပေမယ့်
ညစဉ် ညတိုင်း မိုးမလင်းယုံတစ်မယ်..
စကားတွေပြောခဲ့ကြ…
ရေစက်ကဆုံ အကြောင်းကံမကုန်တော့
မင်းဓာတ်ပုံလေးနှစ်ပုံ ရခဲ့ဘူးတယ်လေ
ဆယ်ဘဝတိုင်းတိုင် မယိုင်ခဲ့တဲ့ငါ့နှလုံးသား
မင်းနဲ့ကြမှ အရေပျော်သွားခဲ့ရတယ်ကွယ်..
ဖြစ်တည်ပျက် ထိုသုံးချက်မှာ..
မင်းနဲ့တွေ့တဲ့ တည် တစ်ချက်သာ
ဆယ်ဘဝတိုင် အသက်ရှင်လည်း
ဒီဘဝသာ အပျော်ဆုံးပါကွယ်
ခပ်တွေတွေလေး ငေးနေတဲ့
ငါ့ရင်ဝယ်ကနှလုံးသားတစ်စုံဟာ
မင်းနဲ့တွေ့မှ ပျော်ခဲ့ရ..
ရင်ခုန်သံစည်းချက်..
ခပ်မှန်မှန်လေး လှုပ်ရှားပါလေရော.
ဟာသမနှောအမှန်သဘောပြောရရင်
နှလုံးသားရင်တွင်း အတင်းထုတ်လိုက်ရင်
မင်းလောက်လှတဲ့သူ ကမ္ဘာပေါ်မှာ..
ငါရှာမတွေ့တော့ဘူး
ငါ့နှလုံးသားတည်ရာ မင်းအလှဆုံးပါကွာ၊

No comments:

Post a Comment