Saturday, January 10, 2009

ဝေးကွာပြီ

နောက်ဆုံးနှုတ်ဆက်အပြုံးလေးပေးပြီး
လက်ပြနှုတ်ဆက်လို့ 
ဘယ်လောက်ကြာဦးမလဲမသိတဲ့ 
ဝေးကွာခြင်းတွေ
တို့ နှစ်ယောက်အကြား
ရောက်ရှိလို့ လာခဲ့ပြီပေါ့
အရမ်းလွမ်းတယ်ချစ်သူရယ်…

အနားမှာနေခဲ့စဉ်က
တန်ဖိုးမထားတတ်ခဲ့တဲ့တို့ 
အဝေးဆုံးဝေးတော့မှ
တို့ အနားမင်းရှိခဲ့တဲ့
နေ့ ရက်တွေကို
လွမ်းတတ်နေခဲ့ပြီ
တစ်နယ်စီခြားပြီးနေရတဲ့ တို့ ဘဝ
ရင်ထဲမှာဟာတာတာနဲ့ 
မင်းနဲ့ အတူရှိခဲ့တဲ့အချိန်တွေကို
ပြန်တမ်းတနေမိတယ်
မင်းရဲ့ အကြင်နာမျက်လုံးလှလှလေးတွေကို
ငေးကြည့်နေချင်သေးတယ်..

မင်းပြောတဲ့ချစ်စကားလေးတွေမှာ
ကြည်နူးနေချင်သေးတယ်
မင်းပေးတဲ့ အကြင်နာတွေကို
မက်မောနေတုန်းပဲ
ချစ်သူရေ
ခါးသီးတဲ့ အချိန်တွေကို
ကြိတ်မှိတ်မျိုသိပ်ရင်း
တို့ နှစ်ယောက်
ပြန်ဆုံမဲ့နေ့ ကိုပဲ
မင်းကိုချစ်တဲ့ စိတ်လေးနဲ့ 
မျော်လင့်နေတော့မယ်………

No comments:

Post a Comment