Showing posts with label မင်းအတွက်ပါ သိပါစေ. Show all posts
Showing posts with label မင်းအတွက်ပါ သိပါစေ. Show all posts

Sunday, May 10, 2009

တိတ်တခိုး

မျှော်လင့်ချက်တွေကင်းမဲ့တဲ့

ဇုံတစ်ခုကိုပြပါဆိုရင်

ခေါင်းကိုမော့ ….

ရင်ကိုကောပြီး…

ငါ့နှလုံးသားကို ပြလိုက်ပါချစ်သူ..

မင်းအပေါ်ထားရှိတဲ့…

ကိုယ့်မေတ္တာတွေဟာ

ကိုယ်သိပ့်ချစ်ရတဲ့ မင်းပေါ်မှာ

ဘာမှမျှော်လင့်မထားလိုပဲ

ဖြူစင်တဲ့ငါ့နှလုံးသားကို

ကိုယ့်ချစ်တဲ့မင်းတစ်ယောက်အတွက်

မွေးနေ့လက်ဆောင်အဖြစ်

ပုံအောပြီးချစ်ခဲ့လိုပါကွာ….

မင်းအတွက် ကိုယ်ဟာ..

ဘာမှမဟုတ်ခဲ့ပေမယ့်…

ကိုယ့်တစ်ယောက်အတွက်တော့..

မင်းတစ်ယောက်ဟာ….

အနောက်ရပ်က နေမထွက်ပေမယ့်

ဟိမ၀န္တာတောင်ထိပ်က

နှင်းကြာပန်းထက်မက…

တန်ဖိုးထားခဲ့လိုပါ…….

မျှော်လင့်ချက်ဆိုတာ ဝေလာဝေး

အတွေးထဲပဲချစ်နေမယ်လေ

တစ်သက်လုံးပဲပေါ့ချစ်သူရေ……