Wednesday, January 28, 2009

ဓားသွားထက် ကလောင်သွားထက်


မင့်လက်ထဲမှာ ရှိတဲ့လက်နက်
ပစ်သတ်လို့သေရင်
တစ်ဘ၀ တစ်ခဏ ထာဝရမဖြစ်
ဒါပေမယ့် ကလောင်လက်နက်
သူသာရေးသတ်ရင်
တစ်ဘ၀ တစ်ခဏမက
ထာဝရကြွရလိမ့်မယ်
ဓားသွားလက်နက် ဘယ်လောက်ထက်ထက်
ကလောင်လက်နက်ကိုမမှီ
ကလောင်သာ တကယ်ထက်လျှင်
တစ်မျိုးသားလိုး တစ်တိုင်းပြည်လုံး
အဆင့်တွေမြင့်ကုန်ကြလိမ့်မယ်
ဒါကြောင့် …
မင့်လက်ထဲမှာ ရှိတဲ့ကလောင်
ဘယ်သူတွေ ပြောင်ပြောင်
ဘယ်သူတွေ လှောင်လှောင်
ကလောင်ကို လက်ကကိုင်စွဲ
အပြတ်နွှဲကြစမ်းပါ
ဟိုရှေးအရင် ဟိုယခင်က
အင်္ဂလိပ်အုပ်ချုပ်စဉ်ကပေါ့
စာရေးဆရာများရဲ့ ကလောင်ချက်
အစွမ်းထက်လို့ အာဇာနည်တွေပေါ်ထွက်
စုပေါင်းတိုက်ထုတ်ချက်ကြောင့်
တိုင်းပြည်ရဲ့ လွပ်လပ်ရေး
တကယ်ရယူပေးခဲ့တာ
ကလောင်တွေရဲ့အစွမ်း
အံ့မခန်းစရာပဲ မဟုတ်လား
ဒါကြောင့် …
မင့်လက်ထဲမှာ ရှိတဲ့ကလောင်
ဘယ်သူတွေပြောင်ပြောင်
မင်းမယောင်နဲ့
တိုင်းပြည်အတွက်
မင့်ရဲ့ ကလောင်အစွမ်းထက်ထက်နဲ့
အပြတ်သာ နွှဲလိုက်စမ်းပါ။
မင်းသုည ကွမ်းခြံကုန်း

ကန်တော့ပန်း


တစ်ခါတစ်လေ အညာမြေမှ
ဖခင်ကိုမှန်း စိတ်ကလွမ်းပြီး
လွမ်းသည့်အလျှောက် သားမရောက်၍
နောက်ကျူစိတ်မှာ မဖြေသာခဲ့။

တစ်ခါတစ်လေ အညာမြေရှိ
မိခင်ကိုမှန်း စိတ်လွမ်းလည်း
လွမ်းသည့်အလျှောက် သားမရောက်၍
နောက်ကျူစိတ်မှာ မဖြေသာခဲ့။

ဖ မိမှန်းကာ အလွမ်းနာနှင့်
လူမှာမရောက် စိတ်သာရောက်ခဲ့
မြောက်မြားလှစွာ လူ့ဝန်တာနှင့်
သာရေးနာရေး ရပ်ရွာရေးကြောင့်
အပြေးအလွှား မလာအားခဲ့
သားကိုခွင့်လွှတ်ပါအဖေ
သားကိုခွင့်လွှတ်ပါအမေ။
ထိုသို့တစ်စေ
မရောက်ပေလည်း
မွေးမေကိုမှန်း ကန်တော့ပန်းနှင့်
ကျွေးဖေကိုမှန်း ကန်တော့ပန်းနှင့်
ရည်မှန်းခါခါ ဦးခိုက်ပါသည်
သာဓုခေါ်ပါ အိုဖေဖေ
သာဓုခေါ်ပါ အိုမေမေ။ ။

Saturday, January 24, 2009

ထိုတစ်နေ့

ရွှေထီးလေးလက် ဖြန့်ဝေကျက်၍

ငြိမ်သက်အိပ်ပျော် နေဘိသော်လျှင်

ခေါ်၍မကြား အော်မကြားချေ

တရားရှုမှတ် နေဘိလက်သို့

ပါးစပ်စေ့ကာ ချမျက်လွှာနှင့်

ခုခါရုပ်ဆင်း မပျက်ယွင့်ဘဲ

ဝင်းစက်သားရေ နဂိုနေနှင့်

အမေ သေပန်းပွင့်လေပြီ..

မကြားချင်ဆုံး

မကြုံချင်ဆုံး

မကြည့်ချင်ဆုံး

အဆုံးတစ်ကွေူ့ထိုတစ်နေ့ကို

မတွေရအောင်ဘယ်သို့ရှောင်လည်း

ရှောင်လွှဲမရ အနိစ္စကို

စိတ်ကသိလည်း ဖြေနိုင်ခဲစွ

ပွဲ့တွေအပူ သံမြည့်ဆူသည်

ဘယ်သူသိနိုင်ပါ့မလည်း အမေ

မေးချင်တာလေးမေး၍မရ

ကျွေးချင်တာလေး ကျွေး၍မရ

ပေးချင်တာလေး ပေး၍မရ

Sunday, January 11, 2009

ဝေလည်းမွှေး ကြွေလည်းမွှေး

နှင်းဆီပန်းလို ဆူးတွေဝေချင်တယ်
သဇင်ပန်းလို အမြင့်မှာ ပွင့်ချင်တယ်
ညမွှေးပန်းလေးလို တစ်လောကလုံးကို
မွှေးစေချင်တာ ရင်ထဲကဆန္ဒပါ…
ဖိုးလမင်းလို တလောကလုံးကို
အလင်းရောင်လေးပေးချင်တယ်..
ငွေကြယ်လေးလို ချစ်သူတွေအတွက်
အလင်းတန်းလေး ဖြစ်ချင်တယ်….
ဆောင်းရာသီလို အားလုံးကို အေးချမ်းပြီး..
နှင်းလေးတွေနဲ့ တစ်လောကလုံးကိုဝေချင်တယ်..
နွေရာသီလို အားလုံးကို နွေးထွေးမှုတွေပေးချင်တယ်၊
တကယ်တန်းကြတော့ ငါူ့ဘဝမှာ..
သောကတွေ ရင်မှာပိုက်ပြီး..
ဗေဒါလေးလို ပင်လယ်မှာ မျောနေရတယ်…
ဒုက္ခတွေရဲ့ ရက်စက်မှုကြောင့် သမုဒ္ဒရာမှာ
တစ်ယောက်ထဲ ခံစားနေရတဲ့
လှိုင်းတံပိုးလေးပါ…။
လောက ကြမ္မာရဲ့ ဒဏ်ခက်မှုကြောင့်
ဒို့ဘဝလေးဟာ ….
ခရေပန်းလို အကြွေစောခဲ့ရတယ်လေ….၊
စာရေးသူ ….ကြည်ဖြူ

Saturday, January 10, 2009

ဝေးကွာပြီ

နောက်ဆုံးနှုတ်ဆက်အပြုံးလေးပေးပြီး
လက်ပြနှုတ်ဆက်လို့ 
ဘယ်လောက်ကြာဦးမလဲမသိတဲ့ 
ဝေးကွာခြင်းတွေ
တို့ နှစ်ယောက်အကြား
ရောက်ရှိလို့ လာခဲ့ပြီပေါ့
အရမ်းလွမ်းတယ်ချစ်သူရယ်…

အနားမှာနေခဲ့စဉ်က
တန်ဖိုးမထားတတ်ခဲ့တဲ့တို့ 
အဝေးဆုံးဝေးတော့မှ
တို့ အနားမင်းရှိခဲ့တဲ့
နေ့ ရက်တွေကို
လွမ်းတတ်နေခဲ့ပြီ
တစ်နယ်စီခြားပြီးနေရတဲ့ တို့ ဘဝ
ရင်ထဲမှာဟာတာတာနဲ့ 
မင်းနဲ့ အတူရှိခဲ့တဲ့အချိန်တွေကို
ပြန်တမ်းတနေမိတယ်
မင်းရဲ့ အကြင်နာမျက်လုံးလှလှလေးတွေကို
ငေးကြည့်နေချင်သေးတယ်..

မင်းပြောတဲ့ချစ်စကားလေးတွေမှာ
ကြည်နူးနေချင်သေးတယ်
မင်းပေးတဲ့ အကြင်နာတွေကို
မက်မောနေတုန်းပဲ
ချစ်သူရေ
ခါးသီးတဲ့ အချိန်တွေကို
ကြိတ်မှိတ်မျိုသိပ်ရင်း
တို့ နှစ်ယောက်
ပြန်ဆုံမဲ့နေ့ ကိုပဲ
မင်းကိုချစ်တဲ့ စိတ်လေးနဲ့ 
မျော်လင့်နေတော့မယ်………

သူလောက်လှတဲ့သူမရှိ

နားလည်မှုတွေပြည့်ဝ
အတ္တမပါပဲ ငါ့ကိုချစ်ခဲ့
တွေ့ရ မြင်ရတာ တခဏ ဆိုပေမယ့်
ညစဉ် ညတိုင်း မိုးမလင်းယုံတစ်မယ်..
စကားတွေပြောခဲ့ကြ…
ရေစက်ကဆုံ အကြောင်းကံမကုန်တော့
မင်းဓာတ်ပုံလေးနှစ်ပုံ ရခဲ့ဘူးတယ်လေ
ဆယ်ဘဝတိုင်းတိုင် မယိုင်ခဲ့တဲ့ငါ့နှလုံးသား
မင်းနဲ့ကြမှ အရေပျော်သွားခဲ့ရတယ်ကွယ်..
ဖြစ်တည်ပျက် ထိုသုံးချက်မှာ..
မင်းနဲ့တွေ့တဲ့ တည် တစ်ချက်သာ
ဆယ်ဘဝတိုင် အသက်ရှင်လည်း
ဒီဘဝသာ အပျော်ဆုံးပါကွယ်
ခပ်တွေတွေလေး ငေးနေတဲ့
ငါ့ရင်ဝယ်ကနှလုံးသားတစ်စုံဟာ
မင်းနဲ့တွေ့မှ ပျော်ခဲ့ရ..
ရင်ခုန်သံစည်းချက်..
ခပ်မှန်မှန်လေး လှုပ်ရှားပါလေရော.
ဟာသမနှောအမှန်သဘောပြောရရင်
နှလုံးသားရင်တွင်း အတင်းထုတ်လိုက်ရင်
မင်းလောက်လှတဲ့သူ ကမ္ဘာပေါ်မှာ..
ငါရှာမတွေ့တော့ဘူး
ငါ့နှလုံးသားတည်ရာ မင်းအလှဆုံးပါကွာ၊

နင်ပြုရက်တယ်

ငါဟာလေ..
ငါ့ဘဝတစ်ခုလုံးကို ပုံအပ်ထားပြီး
စေချင်သလိုစေ… ယုံကြည်ခြင်းတွေနဲ့
ဒို့အနစ်နာခံ ချစ်ခဲ့တာပါ…. အခုတော့
ယုံမိလို့ ပုံတူမရှိအောင် ခံစားနေရပြီပေါ့..။
စိတ်ကူးရင်တဲ့ငါဟာ… ရင်ကိုကြိတ်မှိတ်ပြီး
အရမ်းလွမ်းရင်း.. မင်းကို ဒို့တကယ်ချစ်ခဲ့တာပါ..
အမြတ်မထား ငါချစ်ငြားလဲ
နင်..ကား မသိ သိပ်ရက်စက်တယ်
အစိမ်းရောင်တင် အမုန်းသွင်နဲ့
မကြင်ရက်စက် နင်ပြုရက်တယ်။
အမုန်းလက်နဲ့ ငါ့အသဲထက်မှာ
ရင်ထက်ထက်ချမ်း ကွဲစေတက်၏ ။
ဖြူစွာလှမြဲ ငါ့အသဲကို
ချစ်သဲပြုရက်လေတယ်နော်…