Saturday, January 10, 2009

နင်ပြုရက်တယ်

ငါဟာလေ..
ငါ့ဘဝတစ်ခုလုံးကို ပုံအပ်ထားပြီး
စေချင်သလိုစေ… ယုံကြည်ခြင်းတွေနဲ့
ဒို့အနစ်နာခံ ချစ်ခဲ့တာပါ…. အခုတော့
ယုံမိလို့ ပုံတူမရှိအောင် ခံစားနေရပြီပေါ့..။
စိတ်ကူးရင်တဲ့ငါဟာ… ရင်ကိုကြိတ်မှိတ်ပြီး
အရမ်းလွမ်းရင်း.. မင်းကို ဒို့တကယ်ချစ်ခဲ့တာပါ..
အမြတ်မထား ငါချစ်ငြားလဲ
နင်..ကား မသိ သိပ်ရက်စက်တယ်
အစိမ်းရောင်တင် အမုန်းသွင်နဲ့
မကြင်ရက်စက် နင်ပြုရက်တယ်။
အမုန်းလက်နဲ့ ငါ့အသဲထက်မှာ
ရင်ထက်ထက်ချမ်း ကွဲစေတက်၏ ။
ဖြူစွာလှမြဲ ငါ့အသဲကို
ချစ်သဲပြုရက်လေတယ်နော်…

No comments:

Post a Comment