Wednesday, January 28, 2009

ဓားသွားထက် ကလောင်သွားထက်


မင့်လက်ထဲမှာ ရှိတဲ့လက်နက်
ပစ်သတ်လို့သေရင်
တစ်ဘ၀ တစ်ခဏ ထာဝရမဖြစ်
ဒါပေမယ့် ကလောင်လက်နက်
သူသာရေးသတ်ရင်
တစ်ဘ၀ တစ်ခဏမက
ထာဝရကြွရလိမ့်မယ်
ဓားသွားလက်နက် ဘယ်လောက်ထက်ထက်
ကလောင်လက်နက်ကိုမမှီ
ကလောင်သာ တကယ်ထက်လျှင်
တစ်မျိုးသားလိုး တစ်တိုင်းပြည်လုံး
အဆင့်တွေမြင့်ကုန်ကြလိမ့်မယ်
ဒါကြောင့် …
မင့်လက်ထဲမှာ ရှိတဲ့ကလောင်
ဘယ်သူတွေ ပြောင်ပြောင်
ဘယ်သူတွေ လှောင်လှောင်
ကလောင်ကို လက်ကကိုင်စွဲ
အပြတ်နွှဲကြစမ်းပါ
ဟိုရှေးအရင် ဟိုယခင်က
အင်္ဂလိပ်အုပ်ချုပ်စဉ်ကပေါ့
စာရေးဆရာများရဲ့ ကလောင်ချက်
အစွမ်းထက်လို့ အာဇာနည်တွေပေါ်ထွက်
စုပေါင်းတိုက်ထုတ်ချက်ကြောင့်
တိုင်းပြည်ရဲ့ လွပ်လပ်ရေး
တကယ်ရယူပေးခဲ့တာ
ကလောင်တွေရဲ့အစွမ်း
အံ့မခန်းစရာပဲ မဟုတ်လား
ဒါကြောင့် …
မင့်လက်ထဲမှာ ရှိတဲ့ကလောင်
ဘယ်သူတွေပြောင်ပြောင်
မင်းမယောင်နဲ့
တိုင်းပြည်အတွက်
မင့်ရဲ့ ကလောင်အစွမ်းထက်ထက်နဲ့
အပြတ်သာ နွှဲလိုက်စမ်းပါ။
မင်းသုည ကွမ်းခြံကုန်း

No comments:

Post a Comment