Tuesday, May 5, 2009

ထိုတစ်နေ့

ရွှေထီးလေးလက် ဖြန့်ဝေကျက်၍
ငြိမ်သက်အိပ်ပျော် နေဘိသော်လျှင်
ခေါ်၍မကြား အော်မကြားချေ
တရားရှုမှတ် နေဘိလက်သို့
ပါးစပ်စေ့ကာ ချမျက်လွှာနှင့်
ခုခါရုပ်ဆင်း မပျက်ယွင့်ဘဲ
ဝင်းစက်သားရေ နဂိုနေနှင့်
အမေ သေပန်းပွင့်လေပြီ..
မကြားချင်ဆုံး
မကြုံချင်ဆုံး
မကြည့်ချင်ဆုံး
အဆုံးတစ်ကွေူ့ထိုတစ်နေ့ကို
မတွေရအောင်ဘယ်သို့ရှောင်လည်း
ရှောင်လွှဲမရ အနိစ္စကို
စိတ်ကသိလည်း ဖြေနိုင်ခဲစွ
ပွဲ့တွေအပူ သံမြည့်ဆူသည်
ဘယ်သူသိနိုင်ပါ့မလည်း အမေ
မေးချင်တာလေးမေး၍မရ
ကျွေးချင်တာလေး ကျွေး၍မရ
ပေးချင်တာလေး ပေး၍မရ
မရလေလေ ရချင်လေပါ
အမေမရှိ အဖေမရှိ
မိဖမဲ့သား မျက်ကွတ်ထားလျက်
သွားရက်ခဲ့ပြီနော် အမေ....။
သားသမီး အပူ မြေးအပူနဲ့
အပူတွေသိမ်း ဒုက္ခငြိမ်းပေါ့
လိမ်းကျံခဲ့ရ လူ့ဘဝ၏
သောက မြူငွေ့ အမေမေ့ပေါ့
အမေ့ထံပါး သမီးသားတို့
ဝပ်တွားတွပ်ကွ ကန်တော့ကြပြီး
ထကာငိုကြွေး ယခင်ရှေးလို
ဆုမပေးနိုင်တော့ဘူးနော် အမေ
သြော်.....မေးချင်တာလေး မေး၍မရ
ကျွေးချင်တာလေး ကျွေး၍မရ
ပေးချင်တာလေး ပေး၍မရ
ရနိုင်သူများသတိထားဖို့
ရှိထားအမေ မြတ်နိုးစေဖို့
ဆုခြွေဆင့်ပွား မေတ္တာအားဖြင့်
မေ့သားကဗျာ ရေးမိပါသည်
သာဓုခေါ်နိုင်ပါစေအမေ...။ ။
မြင်းမူ ---မောင်နိုင်မိုး၏ကဗျာဖြစ်ပါသည်။
အမေနှင့်ပတ်သတ်၍ ကောင်းကောင်းကြီးခံစားမိလို့တင်ပြလိုက်ပါတယ်ခင်ဗျား။။။

No comments:

Post a Comment