Monday, May 11, 2009

ငွေတစ်မျက်နှာ

သိပ့်ချစ်တယ် ချစ်သူရယ်
အချစ်တွေပေးထားလည်း
ကိုယ်ဟာ ဘာတစ်ခုမှ
မမျှော်လင့်ရဲ့ပါဘူး
ကိုယ်ဟာသတ္တိမရှိလို့
မင်းကို မမျှော်လင့်တာ
လုံးဝမဟုတ်ဘူး ချစ်သူ...
ပိတောက်လိုရှားပါး
သဇင်လိုဝင့်ကြွား
နှင်းဆီလိုဆူးများပြီး
ပကာသန ဂုဏ်မောက်
ထာဝရ ဂုဏ်အောက်...
ရောက်နေသူကို
ချစ်နေယုံမှ အပ
ဘာတက်နိုင်မှာလည်းချစ်သူ
အချစ်တွေ ဘယ်လောက်ဖြူစင်ပါစေ
မင်းဟာလေ...
ငွေလောက်မှ တန်ဖိုးမထားခဲ့ဘူး...
ကိုယ့်ရဲ့အချစ်တွေဟာ
မင်းအတွက်...
ထာဝရဖြစ်နေပေမယ့်
ကိုယ့်ဘဝဟာ
မင်းအတွက်တော့
အညတရပဲ ဖြစ်ခဲ့ရတယ်..
အတိုင်းအဆမရှိ
ဝမ်းနည်းမိပေမယ့်
သိပ့်ချစ်မိလို့ မင်းဟာ...
အပြစ်မရှိခဲ့ဘူးကွယ်
ကိုယ်ဟာ ဒီလောက်မက
ဆက်ချစ်သွားအုံးမယ်ချစ်သူ......

No comments:

Post a Comment