Sunday, May 10, 2009

ဝေးကွာခြင်းရဲ့ ရလာဒ်


ရင်ထဲရှိတာတွေသာ စာစီရရင်တော့

အားလုံးကို သတိရမိတာ အမှန်ပါ၊

ကိုယ်ပိုင်လွတ်လပ်ခွင့် မရှိတဲ့ ဘဝလေ

ဘာ့ကြောင့်လဲလို့မမေးပါနဲ့

ဒီကနေ့ ဖြစ်နေတာတွေဟာ

မနေ့ ကအဖြစ်ပျက်တွေနဲ့

မတူတော့ဘူးလေ၊

ဖြစ်ပြီးရင် ပျက်တက်တယ်ဆိုတာ

ကိုယ်သိပါတယ်

ဒါပေမယ့် ပုထုဇဉ်သဘော

အတ္တနှောတာ အပြစ်တော့

မဟုတ်လောက်ဘူးထင်ပါတယ်

သတိရတယ်လွမ်းတယ် ဆိုတာ

ဒို့မှာရှိပါတယ် မယုံမရှိပါနဲ့

ဒို့က လူသားတစ်ယောက်ပါ၊

ကိုယ်ဖြစ်ချင်တိုင်းသာ ဖြစ်ရမယ်ဆိုရင်

ဒို့အဖြစ်ချင်ဆုံးဆန္ဒကို မင်းသိပါတယ်

တို့နှစ်ယောက်ပြန်တွေ့တဲ့ အခါ

သံသယ မျက်လုံးတွေနဲ့

အမုန်းဖက်နေတဲ့ ….

မကြေနပ်မှုဆိုတဲ့ ဒေါသမျက်လုံးတွေနဲ့

မကြည့်ပါနဲ့နော်………..

မင်းနဲ့ ပတ်သက်ရင် ဒို့မှာ

အပြစ်တွေရှိပါတယ်……….

အားလုံးအတွက် မင်းကျေနပ်တဲ့ အထိ

ဒို့တောင်းပန်ပါတယ်ကွာ …..

ဒို့ဘဝရဲ့ နောက်ဆုံးထွက်သက်ထိ

မင်းသဘောအတိုင်း မင်းစိတ်တိုင်းကျ

စေလိုရာ စေပါတော့ကွာ…..

ခေတ်ဟောင်းကချစ်သူ

ခေတ်သစ်မှာပြန်ဆုံဖို့အတွက်

ဆုတောင်းနေတာ အကြိမ်ပေါင်း

ရေတွက်လို့တောင် မရတော့ပါဘူးကွာ၊

တောင်းတဲ့ ဆုနဲ့ပြည့်ဖို့အတွက်

ကိုယ်နောက်ဆုံးထွက်သက်ထိ

ကြိုးစားပါမယ်လို့ ကတိတွေပေးနေတာ

မင်းကြားနိုင်ပါစေလို့……………….

ရင်ထဲမှာ အထပ်ထပ်ပြောနေမိတယ်

ရပ်ဝေးကချစ်သူ ကြားနိုင်ပါစေ

မွေးရပ်ကိုလဲလွမ်း နိုင်ငံကိုလဲချစ်

ချစ်သူကိုလဲ မပြစ်နိုင်တဲ့………….

ခေတ်သစ်ကိုကြိုဆိုတဲ့

ခေတ်ဟောင်းရင်တွင်း

No comments:

Post a Comment