သမိုင်းမှာ ဆွေးနွေးစရာမရှိ ဟေ့ နအဖ
အဲဒီနေ့တွေက
ငါမျက်ရည်တွေ ကြရတယ်…..
အဲဒီနေ့တွေက
နေမင်းကြီးမျက်နှာ မပြရဲဘူး..
အဲဒီနေ့တွေက
နအဖ ကို ဒေဝဒတ် ဝင်ပူးကပ်နေလေရဲ့……
အဲဒီနေ့တွေက…
လမ်းမပေါ်မှာ ဖိနပ်တွေ ကျဲပြန့်နေလေရဲ့..
အဲဒီနေ့က
ပြည်သူတွေသွေးစွန်းရတဲ့ နေ့ပေါ့..
ဘုရားဆင်းတုတော်ကို ခေါင်းဖြတ်ပြီး
သံဃာတော်တွေသွေးနဲ့ ရစ်ပူဇော်တဲ့နေ့ပေါ့…
(၇) ရက်ဇူလှိုင်တဲ့ (၈၈၈၈) တဲ့..
ဒီပဲရင်းနဲ့ ရွှေဒါရောင်တဲ့..
ရာဇဝင် ရိုင်းခဲ့လေပြီ အဖေ
အဖေ ကျွန်တော်တို့ တမ်းတနေရပြီဗျာ…
အဖေထူထောင်ခဲ့တဲ့ စစ်တပ်
ပြည်သူတွေကို သတ်နေပြီဗျာ…
ရာဖဝင်ရိုင်းလိုက်တဲ့ နအဖ
မင်းတို့ ရဲ့ မျက်ရည်တွေ….
မြေပေါ်မကျစေနဲ့ လုံးဝမကျစေနဲ့..
ငါတို့က အားမတန်လို့ မာန်လျှောတာမဟုတ်ဘူး
အားမတန်ခဲ့လို့ မာန်တင်းထားခဲ့တာကွ..
လက်ခုပ်ထဲ က ရေတော့လုံးဝအဖြစ်မခံနိုင်ဘူး
လုပ်ခုပ်ထဲက သံမှိုတွေအဖြစ် ပြောင်းပြစ်လိုက်မယ်..
ခေတ်သစ်တပ်မတော်ဆိုတာကို ဖြုတ်ချလိုက်
ငါလုံးဝ မကြားချင်ဘူး မမြင်ချင်ဘူးဟေ့…
ငါတို့ရဲ့ သမိုင်းမှာဆွေးနွေး စရာအကြောင်းမရှိဘူးဟေ့..
နောက်တစ်ခါ မောင်းပြန်တစ်ချက် ထပ်ဖေါက်ရင်
ရာဇပုလ္လင် မီးဟုန်းဟုန်းတောက်စေရမယ်ကွ….
Sunday, May 10, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment