Sunday, May 10, 2009

အဖော်မဲ့ည

ညရဲ့နိမိတ်က

တိတ်ဆိတ်ချောက်ချား

စိတ်ဗျာများခြင်း

ငှတ်တွေလည်း

အိပ်တန်းတက်

ဇီးကွတ်တစ်ကောင်သာ

ပြူးကြောင်ကြောင်နဲ့ အိပ်မရ

စိတ်တဇဖြစ်နေရှာတယ်။

ညမှကြားရတဲ့ခြေသံ

နှင်းကြဟန်ဆိုပေမဲ့

တောင်ပြိုသံထင်တယ်

သစ်ရွတ်ကလေး

တရွက်အပေါ်

တစ်စက်စက်ကျတဲ့ မိုးရေသံကိုပဲ

ရင်မှာမှန်းနေသလိုလို

ညရဲ့အဖော်မဲ့

အတွေးတွေက

ကလေးစိတ်လိုအားငယ်

နုနယ်လွန်းလှတယ်။

ညဟာ ညမို့

မလှနိုင်တာ သိပါတယ်။

ဒါဟာနိယာမ မဟုတ်ဘူး

ဒါဟာလုပ်ကြံမှုဖြစ်တယ်

အေးချမ်းမှုဖြင့်

တည်ဆောက်လေ။

တစ်နေ့တော့သိရမှာပါ။ ။ ။





သူငယ်ချင်းတစ်မင်းကို အမှတ်ရလွန်းလို့ မင်းကဗျာလေး

တမ်းချင်းအဖြစ် တင်ပြလိုက်တယ် မင်းရဲ့ခံစားချက်တွေ

ရင်ဖွင့်လိုက်တယ် ချစ်သောသူငယ်ချင်း မင်းမကြားနိုင်ဘူးနော်

မင်းအတွက်ကော အားလုံးအတွက် ငါဝမ်းနည်းနေတယ်။

မင်းတို့အတွက် ငါအချိန်တိုင်းတွေးနေတယ်

ငါတို့တတွေအလုပ်လုပ်နေတယ် စိတ်မချနိုင်တဲ့ မင်းတို့အတွက်

စိတ်ချနိုင်အောင် မင်းတို့တွေ မြင်သွားအောင် ယုံကြည်သွားအောင်

ငါတို့တွေကြိုးစားနေပါ့မယ်။။
ထောင်တွင်းကသူငယ်ချင်း

ကမ္ဘာ ကမင်းကိုမသိပေမယ့် ငါတို့တွေသိနေတယ် ရင်တွင်းမှာလေ

အစဉ်ထာဝရ လေးစားနေပါတယ် အန်တီရယ်၊ စိတ်ဓာတ်ချင်းတူ

အသွင်တူနေလို့ တစ်ခါပဲ တွေ့ ဘယ်ခါမှမမေ့ပါဘူး အန်တီရယ်။ ။

No comments:

Post a Comment