Sunday, May 10, 2009

ကံ ကံ၏အကျိုး လား?

စနစ်ဆိုးရဲ့အောက် တို့တတွေရောက်
အထီးကျန်တဲ့ညတွေကိုကျော်ဖြတ်ရင်း
အရသာမရှိတဲ့ နေ့တွေကို လျှောက်နေရတယ်
ရင်နာစရာဘယ်လောက်ကောင်းသလဲ?
တရားစီရင်ရေးက မတရားစီရင်ရေးဖြစ်
စစ်အုပ်စုကထွတ်သမျှ ဥပဒေဖြစ်
အုပ်ချုပ်ရေးက လုပ်ချင်သလိုလုပ်နေ
ဒါကိုများဒီမိုကရေစီတဲ့ ဟုတ်ပါတယ်
အာဏာရှင် တစ်စုအတွက်တော့
ဖြစ်နိုင်ချေ ရှိရဲ့၊
အများပြည်သူအတွက်တော့
ကံ ကံ၏အကျိုးဘ၀ပေးမကောင်းဘူးတဲ့
ရင်နာစရာကောင်းလိုက်တာ၊
လုပ်ပိုင်ခွင့်မရှိလို့ - မလုပ်ကြရတာပါ
ကံဆိုတာ * အလုပ် * မမေ့နဲ့
လူဖြစ်လာရင်တော့ ကံကောင်းလို့မှတ်ပါ
မတရား ဖိနှိုပ်ချုပ်ချယ်နေတာကို
သဘောပေါက်ကြပါ၊
အမှားကိုမြင် * အမှန်ပြင်လိုက်ပါ
မြန်မာလူမျိုး * ခေရိုးထုံးစံမရှိ
လေ့လာကြည့်ပါ စုံစမ်းကြည့်ပါ
ဘုရားဟောတွေ သမိုင်းကြောင်းတွေ
ဘ၀ပေးကြောင့်မဟုတ်ဘူး သိပြီလား?
တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့လူ
မကောင်းလို့ပါ ၊ အုပ်စိုးသူမကောင်းလို့ပါ။
လူကိုမတိုက်နဲ့ ၊မူကိုတိုက် ၊
စနစ်ကိုပြောင်းလွှဲပြစ်မှရမယ်လေ။

No comments:

Post a Comment