Sunday, May 10, 2009

ကော်ဖီတစ်ခွက်နဲ့ဆေးလိပ်တစ်တို

မနက်မိုးလင်းတိုင်းငါတွေးတောမိတယ်လေ

အာဏာရှင်စနစ်ကို ဘယ်လိုမြေမြှပ်ပြစ်ရမလည်း၊

တိုက်ပွဲကိုဘယ်လိုဖော်ဆောင်ရမလည်း၊

သံဃာကိုသတ်တဲ့ နအဖ ပြည်သူကိုညှင်းဆဲတဲ့ နအဖ

ငါဘယ်လို လုပ်ရပါ့မလည်းနော့်….

ရှေ့ ကြည့်ရင် ရင်ဘတ် နောက်ကြည့်ရင်ကျော

ငါတို့တော်လှန်ရေးသမားစိတ်ဓာတ်

ဘယ်တော့မှ မပျက်သုဉ်းဘူးဟေ့

ငါ့မိသားစု ငါ့အသိုင်းဝိုင်း ငါ့ဆွေမျိုးတွေ

ရှိနေသ၍ ငါ့အလှတရား ငါ့ဘဝစိုပြေနေသ၍

နအဖ ကိုငြိမ်းချမ်းသောနည်းနဲ့ တိုက်ပွဲဝင်သွားမယ်၊

၈၈၈၈ လုံးမှာ ကျောင်းသားတွေကိုသတ်

ဒီပဲယင်းမှာ လူထုခေါင်းဆောင်ကိုလုပ်ကြံ

၂၀၀၇ မှာ သံဃာတွေကိုသတ်..ဘယ်တော့မျာမှ

ပြည့်သူ့တပ်မတော်ကို ဖြိုပြစ်လိုက်မှာလည်း၊

ဒဏ္ဍကီမင်းထက်ယုတ်ညံ့တဲ့ သန်းရွှေနဲ့အပေါင်းပါတွေ

ကုက္ကုလ ငရဲမှာ အတိုင်းအဆမရှိခံကြရမှာပါ၊

ရှေ့ပြေးနိမိတ်အဖြစ် နာဂစ်မုန်တိုင်းလည်း ဖြစ်ပြီးသွားပြီလေ

ကိုယ်အထက်၌ မီးပေါက်မီးပွားကြ

ဒွါရကိုးပေါက်မှ ပြာပူဝင် ဦးခေါင်းထက်က မီးကြီးခဲ

ကိုယ်ခန္ခာက ဆီမီးတိုင်လေ ဆင်းရဲဝေဒနာပြင်းစွာခံရမှာလေ

ဒီတစ်ခါတော့ မင်းတို့အလှည့်ရောက်ပြီဟေ့ နအဖ ရေ…

ကော်ဆီတစ်ခွက်လည်းကုန်သွားပြီလေ။ ။ ။

(ငရဲအကြောင်းသိချင်ရင် ။ ရှင်သီရိ ငရဲဟူသည်)

No comments:

Post a Comment