Saturday, May 9, 2009

ချစ်လွန်းလို့ပါ

ချစ်တယ်လို့ မပြောရဲခဲ့တာ..
မဟုတ်ဘူး.......
ပြောလိုက်ရင်မယုံမှာကိုစိုးတာလေ..
ဖွင့်မပြောခဲ့တာ ....
သတ္တိမရှိခဲ့တာ မဟုတ်ဘူး...
မင်းအထင်သေးသွားမှာကိုးကြောက်တာပါ....

ချစ်သူပါးပြင်ကို
မနမ်းချင်ခဲ့တာ မဟုတ်ဘူး..
လှလွန်းလို့မမွှေးရက်ခဲ့တာပါ...

နှလုံးသားပေါ်လာလည်သွားတဲ့
ချစ်သူ့ခြေရာတွေဟာ...
ကမ္ဘာတည်သရွေ့သာ ...
ရှိနေခဲ့မယ်ဆိုရင်လေ..
ချစ်သူ့ဖဝါးအောက်က်
ရင်ခွင်တစ်ခုလုံး
အလွမ်းကင်းမဲ့ဇုံ...
ဖြစ်ပါရစေသား ချစ်သူရယ်...

1 comment:

  1. မိုက်တရ်ဗျာ၊၊
    ကောင်မလေးကို ချော့တတ်အောင် ကျူရှင်အဲဗားလာတတ်မယ်ဏော်၊၊
    ပျော်ရွှင်ပါစေ၊၊

    ReplyDelete