Saturday, May 9, 2009

စစ်သူကြီးရဲ ကျမျက်ရည်

စစ်ပွဲဆင်နွှဲ မုန်တိုင်းထဲ၌

ခက်ခဲကြမ်းတမ်း ဆူးငြောင့်ငြွမ်းလည်း

ပင်ပန်းမျက်ရည် မလည်တစ်ကား

စစ်ပွဲကြိမ်ဖန် တွေ့ကြုံပြန်လည်း

သွေးသံရဲရဲ ဇွဲမာန်ကဲဘိ

ငွဲပွဲမျက်ရည် မဆင်တကား

စစ်ပွဲများစွာ ကျော်ဖြတ်လာလည်း

ဘာမျှမကြောက် ဒူးမထောက်ခဲ့

အံ့လောက်မျက်ရည် ခိုင်ကြည်တကား

သို့ပင်ဖြစ်လည်း

အနှစ်မေတ္တာ ဂရုဏာတည့်

ကြင်နာချစ်ခင် သံယောဇဉ်နှင့်

ရင်မှာဖြစ်လာ ဝေဒနာတို့

ပေါင်းမြတ်ရောယှတ် တွေ့ကြုံချက်ကြောင့်

ကျမျက်ရည်အိ ဝေ့လည်သိသော်

သတ္တိနည်းမည် ဆိုမည်လား. ။ ….။

ဘဝပုံရိပ်အပိုင်းစများမှ ….

No comments:

Post a Comment