Saturday, May 9, 2009

ကြွေလည်းမွှေးကြ တော်လှန်ရေးသမားဘဝ

"လူသေသော်လည်းနာမည်မသေတဲ့"

တိုက်ပွဲပေါင်းမြောက်များစွာနဲ့…

ကျန်ရှိနေတဲ့ရဲဘော်တွေ

ဝမ်းသာပါဘိ .ဂုဏ်ယူပေစွ..ဂုဏ်ယူပ

တိုင်းပြည်နဲ့လူမျိုးကိုချစ်စွာ

အသက်သွေးချွေး စတေးခဲ့ကြ

များပြားလှတဲ့ သူရဲကောင်းတွေ

ကမ္ဘာတစ်ခွင်မှာ စံတင်ထားလိုက်တယ်

ခန္ဓာမြေကြ တမလွန်ဘဝကိုရောက်ရပေမယ့်

ရဲဘော်တို့ရဲ့ သမိုင်းနဲ့ရာဇဝင်

ကြွင်းကျန်တဲ့ ရုပ်ပုံလွှာတွေဟာ

မဉ္ဇူသက နတ်ပန်းထက်

သင်းတမြမြ မွှေးကြိုင်လှပြီး

မျိုးချစ်ပြည်ချစ်…ရင်တွင်းဖြစ်နှလုံးသားမှာ

ကမ္ဘာတည်သ၍…..

တည်တံ့နေမှာပါ

စွန့်လွှတ်ပြီးအနစ်နာခံ

ရဲဘော်ရဲ ခန္ဓာနဲ့ရုပ်ကြွင်း

အကျဉ်းစံအိမ်မှာ ထောင်သွင်းထားပေမယ့်

ရဲဘော်ရဲ့ နာမည်နဲ့သတင်းက

ကမ္ဘာ့အပြင်ထိအောင်

လူတိုင်းရဲ နှလုံးသားမှာ

ထာဝရပန်းလို လန်းဆန်းနေလျှက်ပါ။

ကြဆုံးသွားသောရဲဘော်များနှင့်တကွ ထောင်အတွင်းရောက်နေသောရဲဘော်များအား

ကျွန်တော်မှတက်သမျှလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်ခင်ဗျား။

No comments:

Post a Comment