Saturday, May 9, 2009

“နောက်ဆုံးဆန္ဒ”

ငါရင်ဝတွင် ကျဉ်ဆံဝင်၍

သွေးရှင်လတ်လတ် မပျက်စီးဆင်း

ဖြစ်နေခြင်းကြောင့်

သေမင်းငါ့ကို စိန်ခေါ်နေပြီ

ငါမသေခင်မှာခဲ့ချင်သည်

လိုအင်ဆန္ဒမရခြင်း

အားမာန်တင်း၍

တိုက်ပွဲဝင်ကြ

ဝင်းမြင့်ထွန်း ရန်ကုန်တတ္ကသိုလ်

“သားပျေက်ရှာ”

သူရူးမတစ်ယောက်

သားပျောက်ရှာရင်း

ကန့်ကော်ခင်းသည့်

တလင်းမြေထက်

လျောင်းအိပ်စက်၍

ရှိုက်မက်လှိုက်ဖို

ငိုချင်းဆိုသည်

လူကိုခွေးသတ်လေခြင်းတဲ့..

“မကွယ်ဝှတ်နိုင်သော သစ္စာတရား”

လူသတ်လက်နက်နှင့်

ချေဖျက်သွေးစွန်း

ထုံးဖွန်သွန်းလည်း

ထွန်းထွန်းနီစွေး

ငါတို့သွေးကား

ထင်ရှားရဲရဲ ရှိပြီတည်း။

မောင်ဝင်းခိုင် ရန်ကုန်တက္တသိုလ်

“သွေးကွတ်များ”

လက်သီးဆုပ်လျက် ကြွေးကြော်တက်ရင်း

သေမင်းခေါ်သံ ဆူဆူသံကြား

ကျဆုံးသွားသည့် ကျောင်သား လူရွယ် ရဲဘော်များ

နီရဲပူနွေး သတ္တိသွေးကား

စွန်းထင်းအိုင်ကွတ် လမ်းအပြည့်

နောက်တစ်နေ့တွင်

ချောက်သွေ့ခဲ့လို သွေးနီညိုကို

သူတို့ဖျက်၍ ပျက်ပြီတကား

အော်……

သမိုင်းစာရွတ် မျက်နှာထက်တွင်

ထိစင်ရဲစက် တို့ သွေးကွတ်မူ

အသူဖျက်၍ရအံ့နည်း

“တို့ဆုတောင်း”

ကျောင်းတော်ခရီး လမ်းမကြီး၌

သွေးစီးပွတ်ပွတ် ခုနှစ်ရက်နေ့

မမေ့ပါနိုင် လဇူလှိုင်တွင်

သဲဆိုင်ဆိုင် အက်အက် အသက်စတေး

ခွင့်ရေးဆန္ဒပြခဲ့ကြသည်

ဘဝကောင်းရာလားစေသော်..။

“အရှုံးမပေး”

ညာလက်ကျိုးလည်း

ဘယ်လက်ဝဲဖြင့်

တိုက်ပွဲအသစ်ဝင်ဦးမည်၊

“ပန်ကြားချက်”

တက္ကသီလာ

သွေးမိုးဖြာသည်

ပြည်ရွာ မိဘ မြင်လှဲ့ပါ…

“အမင်္ဂလာ အပေါင်းနှင့်ပြည့်စုံသော ၁၉၆၂ ခုသို့”

သုညဘဝ သုညကမ္ဘာကို

တည်ဆောက်ကြဖို့လာကြပြီ

အဆီင်္အနှစ်ပြည်ဝသော စပါးပင်တို့

ကိုင်းပြီးမျိုးစေ့ မမှန် ပင်မသန်

ဖူးတံငုံကင်း အသီးဖျင်းတို့ မော်ကြွားပြီ

ပြည်သူက အပ်နှင်းတဲ့အာဏာ

ပြည်သူကတပ်ဆင်ပေးတဲ့လက်နက်တို့

ကျက်သရေ ကင်းမဲ့သော ဆုံးဖျက်ချက်တို့

ဓာတ်တူ နာမ်တူ ဆေးဘတ်ယူကြပြီ

ကျောင်းသား လယ်သမား အလုပ်သမား

ပြည်သူတို့ ဘဝ ဆုံးခဲ့ကြရပြီတကော….

၇ ရက်ဇူလှိုင် အရေးတော်ပုံသို့ အမှတ်ရစေဖို့

တင်ပြလိုက်ချင်းဖြစ်ပါတယ်.

ပြည်သူပြည်သားတွေသွေးမြေကျခဲ့ရတဲ့ အရေးတော်ပုံ

ဘယ်တော့မှ တို့မမေ့ ....

ကြိုးစားလျှက် ရွှေညာသား


No comments:

Post a Comment