Saturday, May 9, 2009

ကိုစည်သူ၏ ထောင်တွင်းရေးစပ်သော ကဗျာတစ်ပုဒ်

လူသေခေါင်းထဲက
သက်ရှိအလောင်းကောင်လိုဘဝမှာ
ငါတို့မနေနိုင်ဘူး
အနာဂါတ်
မြင့်မြတ်သောလွတ်လပ်ခြင်းအတွက်
ဘာရင်း ဆက်ရမလဲ

ငါတို့မျိုးဆက် အသင့်ရှိတယ်

မှတ်ချက် ။။ ၁၉၉၁ ခုနှစ် ဒီဇင်ဘာ(၃၀)ရက်နေ့က အထူးစစ်ခုံရုံးတွင်
အမိန့်ချမှတ်သည့် တရားသူကြီးက အပြစ်ရှိ မရှိ မေးခဲ့ရာ ကိုစည်သူက
အောက်ပါအတိုင်းဖြေဆိုခဲ့သည်။
အပြစ်ရှိလား မရှိလားဆိုတာ မမေးပါနဲ့ ၊ မတရားသူတွေရဲ့ တရားစီရင်တာကို
ကျနော်တို့ အသိအမှတ်မပြုနိုင်ဘူး ကြိုက်သလိုစီရင်လို့ရတယ် ၊
ဒါပေမယ့် ……..ဒါဟာမတရားမှုပဲ…….

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင်နေထိုင်သည်
၁၉၉၁ခုနှစ် ဇွန်လ(၂၁) နေ့တွင်ဖမ်းဆီးခြင်းခံရသည်
၂၀၀၁ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် ကွယ်လွန်သည်
ကွယ်လွန်ချိန်တွင် အသက် (၃၅)နှစ်ရှိပြီဖြစ်သည်။

အသက်နဲ့ခန္ဓာမတည်မြဲတော့ပေမယ့်

ဘယ်တော့ မှ မေ့ရမှာ မဟုတ်တာ သေချာပါတယ်

ဒါကြောင့်အားလုံးအမှတ်ရစေဖို့ တင်ပြလိုက်ချင်းဖြစ်ပါတယ်။ ။

No comments:

Post a Comment