Tuesday, May 5, 2009

အချစ်ကြီးသူ

ပစ္စည်းသင်္ခါရ

လူသင်္ခါရဆိုပေမယ့်

မင်းကိုချစ်တဲ့…

ချစ်စိတ်တွေကတော့လေ……..

ထာဝရပါပဲချစ်သူရေ..

ပုတ်သင်ညိုလို ခေါင်းမညိတ်တက်ပေမယ့်

မင်းပြောသမျှစကားတွေကို

ကိုယ့်ဘယ်တုံးကငြင်းဘူးလို့လည်းချစ်သူ..

ငါ့အတွက်တော့ မင်းဟာ

အမှန်တရားပဲလေ

ငါ့ဘ၀ ကိုဖျက်စီးပြီး

ကိုယ့်နှလုံးသားကို

ဓားထက်ထက်မှာ

တင်ခဲ့မယ်ဆိုရင်

အပြစ်ဆိုတာမမြင်

အချစ်သစ်တွေတိုးပြီး

တမလွန်မနေစောင့်ပြီး

ဆက်ချစ်နေမှာပါချစ်သူ

ချစ်တယ်ဆိုတဲ့

စကားနှစ်လုံးဟာလေ…

ကိုယ့်အတွက် မင်းပြောခဲ့ရင်

ဆယ်ဘ၀ထိလည်း

ချစ်သွားနိုင်ပါတယ်ချစ်သူရယ်….

2 comments:

  1. အားပါးပါး
    ဆယ်ဘ၀တောင်လားဗျ

    လေးစားတယ်ဗျာ

    ReplyDelete
  2. ♫ မင်းကိုလွမ်းလိုက်တာ......မင်းကိုလွမ်းလိုက်တာ.နင့်ကိုလွမ်းလိုက်တာ.ဒီမှာနင့်ကိုလွမ်းလို့ရှုး......ဘာကြောင့်များဟိုအဝေး ကြီးကိုမင်းထွက်ပြေးလဲ..အတွေးများနဲ့ငါ့စိတ်တွေ...မင်းလေးကြောင့်ယိုင်လဲခဲ့..ဒီရင်ခွင်မှာချစ်တယ်...မင်းလေးဘယ်တော့မှမပြောင်းနဲ့..မင်းမရှိတဲ့နေ့ညတိုင်းမင်းကိုငါလွမ်းခဲ့..ဟိုအရင်ကနေ့ရက်လေးတွေတွေးမိ့တိုင်းငါဝမ်းနည်း..မင်းနဲ့ပြန်တွေဖို့ဆုတောင်းတယ်...တမ်းတမိ့တဲ့အချိန်တွေတိုင်းမင်းလေးကို ငါလွမ်းနေ..

    ReplyDelete