Sunday, May 10, 2009

အလွမ်းမိုး

တစ်ခါကချိုမြိန်တဲ့အချစ်
ထိုစဉ်ကကြည်နူးရတဲ့အနမ်း
ခုတော့ပူလောင်ရတဲ့အလွမ်း

အချစ်အနမ်းအလွမ်း
ရောစပ်ထားတဲ့သောက
သီချင်းတစ်ပုဒ်ခုတော့
ငါသီဆိုတတ်ခဲ့ပြီ

တစ်ခါတစ်ခါ
မိုးရေထဲမှာ
အတိတ်အကြောင်းစဉ်းစားရင်း
တွေးဖြစ်ခဲ့တာက….
မင်းနဲ့ငါ့ရဲ့အကြောင်း

သောကမီးဝန်းရံ
အိမ်မက်ဆိုးမက်စေပြီး
အလွမ်းတွေနဲ့
မိုးရေထဲမှာ…..
ခွဲခွာထားခဲ့ရက်တယ်။

အတိတ်ကမေ့မရတဲ့ဇာတ်လမ်း
စဉ်းစားရင်ခုန်ရင်း
အားအင်ချိနဲ့
ဒီမိုးရေထဲ…..
ငါတစ်ယောက်တည်း

မိုးရေနဲ့ဆေးကြော
ကင်းစင်မှုမရှိတဲ့
ငါ့ရဲ့ပူလောင်တဲ့အလွမ်း
ရက်စက်တဲ့အိမ်မက်ဆိုး
ကျိုးကြေနေတဲ့
ငါ့နှလုံးသား….ခုတော့
ထောင့်တစ်ထောင့်မှာ
နေ့ရက်များစွာ
ထင်ကျန်ခဲ့တာ
ယနေ့တိုင်ပါ။

သူလေးပေးပို့ပါတယ်

No comments:

Post a Comment