Sunday, May 10, 2009

သူရဲကောင်းမလေးအိ…..

လွတ်လပ်မှုများစွာနဲ့
သွတ်လက်ချက်ချာတဲ့
သူရဲကောင်းမလေးအိ….

မလွတ်မလပ်နဲ့
ကလေးတစ်ယောက်ကို
ဝမ်းနဲ့လွယ်ပြီး….

မင်းရဲ့လွတ်လပ်မှုကို
အကျဉ်းထောင်က
ဝါးမျိုသွားခဲ့ပြီပေါ့….

မင်းရဲ့ချစ်လင်
ငါ့ရဲ့သူငယ်ချင်း
ဒုက္ခတွင်းထဲမှာပဲ
ဂုဏ်ယူနေပါတယ်အိရယ်….

မင်းတို့နှစ်ယောက်ကို
မြင်ယောင်လေတိုင်း
အကျဉ်းထောင်တွင်းက
သူရဲကောင်းမလေးအိရေ…
မင်းတို့အတွက်……….
ငါအသက်ရှင်သမျှ
မင်းတို့အတွက်..
အားလုံးအတွက်…
လုပ်ဆောင်နေတယ်ဆိုတာ
မင်းသိနေပေမယ့်…..
ထပ်ပြောပါရစေအိရေ..

ရဲဘော်မလေးအတွက်
အားလုံးအတွက်
ကျန်ရှိရဲဘော် အသိစိတ်နဲ့
ကြိုးစားလျှက်ပါအိ…။

1 comment:

  1. လာလည်ပါတယ် .. စီဘောက်မတွေ့လို့ ဒီမှာ ပဲရေးခဲ့ပါတယ်.. ဒီကဗျာလေးကိုကြိုက်ပါတယ်..

    ReplyDelete