Saturday, May 9, 2009

ထာဝရ ချစ်သူ

တစ်နှစ်ဆိုတာ
မကြာဘူးလို့ထင်ရပေမယ့်
သိပ့်ချစ်သူတွေအတွက်တော့
ဘယ်လောက်ဝမ်းနည်းစရာကောင်းလည်း
မမြင်နိုင်တဲ့အရာတွေက
သိပ့်ဆန်းကြယ်လွန်းတယ်လေ.....

တစ်နှစ်တော့မပြောနဲ့ချစ်သူ
တရက်လေးတောင်မခွဲနိုင်ဘူးကွာ
ကိုယ်ဘယ်တော့မှ မင်းနဲ့မခွဲချင်ဘူး

မင်းထားခဲ့ရင်တော့........
ငါကျေနပ်ပါတယ်ချစ်သူ
ငါကချစ်ရသူကိုး
အလွမ်းတွေအတွက်
စာမစီချင်ဘူးချစ်သူ....

မျက်ရည်တွေနဲ့ ...
ပင်လည်ကိုတည်ဆောက်ပြီး
အလွမ်းတွေနဲ့....
ဘဝကိုလမ်းလျှောက်မယ်....
နောင်ဘဝဆိုတာရှိခဲ့ရင်
မင်းဟာ ......
ကိုယ့်အတွက်......
ထာဝရချစ်သူပါပဲကွာ...




No comments:

Post a Comment