Tuesday, May 12, 2009

ရဲဝံ့ ချစ်သူ

သူချစ်ကိုယ်ချစ်
နှစ်ကိုယ်ချစ်ရင်တော့
ပျော်ဆုံးပေါ့ချစ်သူ..
သူမချစ်ပေမယ့်
ကိုယ်တစ်ယောက်ထဲ
ချစ်နေရလည်း.....
ဝမ်းနည်းမှုဆိုတာမရှိ
မနာလိုမှုဆိုတာဝေး
ထာဝရအချစ်တွေပေးပြီး
အဲဒီလူတစ်ယောက်ဟာ
တစ်သက်လုံးပျော်ရွှင်နေမှာပါ...
အတ္တစိတ်မပါပဲ
ပရသမားတစ်ယောက်
လမ်းလျှောက်သွားတာနဲ့
အတ္တစိတ်လွန်ကဲ
အရာမှန်သမျှ
ပိုင်ဆိုင်ပါရစေဆိုတဲ့လူးနဲ့...
ကံကြမ္မာအလှည့်အပြောင်းမှာ
ဘယ်သူကကောင်းလည်းချစ်သူ...
ပိုင်ဆိုင်ဖို့ထက်
စွန့်လွှတ်မှုကိုကြိုးစား
ပိုင်းဆိုင်ရမယ်ဆိုလည်း..
ကိုယ်ခံယူဝံ့ပါတယ်ချစ်သူ..
မမျှော်လင့်ဝံ့တာတော့အမှန်ပဲချစ်သူရေ..
အဖြူစင်ဆုံးနဲ့ချစ်ခဲ့မိလို့ပါ....

No comments:

Post a Comment