Saturday, June 20, 2009

ဘ၀ဆက်တိုင်း

ဖြစ်ချင်တဲ့ ဆန္ဒက
ငါ့လက်ကိုတွဲလိုက်ပါ...
မကြားချင်ဆုံးစကားက
မင်းငါ့ကိုမုန်းလိုက်..
ကောင်မလေးရေ တမ်းတမိတယ်...
ဖြစ်ချင်၊မကြားချင်...
တခုမှမရရှိခဲ့ဘူး..
အသိစိတ်ကချစ်ခဲ့ပေမယ့်
မသိစိတ်ကမပြောရက်ခဲ့...
အသွင်မတူမှုတစ်ခုကြောင့်..
ပြတ်ရယ်ပြုမယ်ဆိုရင်..
ကောင်မလေးရေ သိပ့်ချစ်တယ်...
အနုအလှနဲ့စာမဖွဲ့ပေမယ့်
ဆုံးရှုံးရမှာကြောက်တယ်...
ချစ်မိတဲ့ငါ့ဘ၀ဟာ..
စကားမပြောခဲ့ရဘူးလေ..
စာတော့စီခဲ့ရဘူးတယ်လေ..
တောင်တဆိုတာ နောင်ကြမှ
ကောင်မလေးရေ နောင်ဘ၀ထိ..။

No comments:

Post a Comment