Wednesday, January 28, 2009

ကန်တော့ပန်း


တစ်ခါတစ်လေ အညာမြေမှ
ဖခင်ကိုမှန်း စိတ်ကလွမ်းပြီး
လွမ်းသည့်အလျှောက် သားမရောက်၍
နောက်ကျူစိတ်မှာ မဖြေသာခဲ့။

တစ်ခါတစ်လေ အညာမြေရှိ
မိခင်ကိုမှန်း စိတ်လွမ်းလည်း
လွမ်းသည့်အလျှောက် သားမရောက်၍
နောက်ကျူစိတ်မှာ မဖြေသာခဲ့။

ဖ မိမှန်းကာ အလွမ်းနာနှင့်
လူမှာမရောက် စိတ်သာရောက်ခဲ့
မြောက်မြားလှစွာ လူ့ဝန်တာနှင့်
သာရေးနာရေး ရပ်ရွာရေးကြောင့်
အပြေးအလွှား မလာအားခဲ့
သားကိုခွင့်လွှတ်ပါအဖေ
သားကိုခွင့်လွှတ်ပါအမေ။
ထိုသို့တစ်စေ
မရောက်ပေလည်း
မွေးမေကိုမှန်း ကန်တော့ပန်းနှင့်
ကျွေးဖေကိုမှန်း ကန်တော့ပန်းနှင့်
ရည်မှန်းခါခါ ဦးခိုက်ပါသည်
သာဓုခေါ်ပါ အိုဖေဖေ
သာဓုခေါ်ပါ အိုမေမေ။ ။

No comments:

Post a Comment